သာယာဝတီမြို့တွင် နေအိမ်(၃) လုံး မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ကျောင်းစုရပ်ကွက်တွင် နေအိမ်(၃) လုံးမီးလောင်မှုုဖြစ်ပွားကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက် ည ၁၁ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ သာယာဝတီမီးသတ်စခန်းမှ မီးငြှိမ်းတပ်ဖွဲ့ဝင်များနှင့်အတူ မြို့ခံလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“အိမ်ရှေ့ဈေးဆိုင်ခန်းကနေ မီးစတင်လောင်တယ်လို့ ပြောတယ်။ စုစုပေါင်း အိမ် ၃ လုံးလောင်တယ်။ လူတွေတော့ ဘာမှမဖြစ်ဘူး” လို့ မီးသွားရောက်ငြှိမ်းသတ်သည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်ပိုင်ရှင်ကို မီးပေါ့ဆမှုကြောင့် အရေးယူထားကြောင်းလည်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage