မန်ချက်စတာယူနိုက်တက်အသင်းဟာ တကယ်လို့သင့်တော်တဲ့ကမ်းလှမ်းမှုရရှိခဲ့မယ်ဆိုရင်တော့ အသင်းရဲ့တိုက်စစ်ကစားသမား ရာမို့စ်ဟော်ဂျ်လန်းကိုရောင်းချဖို့အဆင်သင့်ဖြစ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာနွေရာသီကာလသို့မဟုတ် ဒီတကြိမ်ကစားသမားအပြောင်းအရွှေ့စျေးကွက်မှာသင့်တော်တဲ့ကမ်းလှမ်းမှုရရှိခဲ့မယ်ဆိုရင်တော့ ရာမို့စ်ဟော်ဂျ်လန်းကိုလက်လွှတ်ဖို့အဆင်သင့်ဖြစ်နေတယ်လို့ ESPN သတင်းကဖော်ပြခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရာမို့စ်ဟော်ဂျ်လန်းဟာ အေစီမီလန်နဲ့ဂျုဗင်တပ်အသင်းတို့အပါအဝင် ဘွန်ဒက်လီဂါလိဂ်ကလပ်အသင်းတွေဆီကနေ စိတ်ဝင်စားမှုရရှိခဲ့တာဖြစ်ပါတယ်။
ရာမို့စ်ဟော်ဂျ်လန်းအနေနဲ့ကတော့ အိုးထရက်ဖို့ဒ်ကွင်းဆီပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းနဲ့အတ္တလန်တာအသင်းကနေ ၂၀၂၃ ခုနှစ်မှာပြောင်းရွှေ့လာခဲ့ပြီး သရဲနီအသင်းအတွက်ပြိုင်ပွဲစုံ ၄၃ ပွဲပါဝင်ကစားထားခဲ့ရာ ၁၆ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်းဒီရာသီကာလမှာတော့ ရာမို့စ်ဟော်ဂျ်လန်းရဲ့ကစားပုံအတော်လေးကျဆင်းလာခဲ့တာကြောင့်အိုးထရက်ဖို့ဒ်ကွင်းမှာအနာဂတ်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်ခံနေရတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
