ဂျပန်မှာ ကားလမ်းကျွံကျ ပိတ်မိနေတဲ့ယာဉ်မောင်းကို လေးရက်ကြာချိန်ထိ ကယ်ထုတ်မရသေး
တိုကျို၊ ဇန်နဝါရီ ၃၁
ဂျပန်နိုင်ငံမှာ ကားလမ်းမြေကျွံမှုဖြစ်ပွားပြီးနောက် ပိတ်မိနေတဲ့ အသက် ၇၄ နှစ်အရွယ် ကုန်တင်ယာဉ်မောင်းကို လေးရက်ကြာမြင့်တဲ့အချိန်ထိ ကယ်တင်နိုင်ခြင်းမရှိသေးဘဲ မြေပြင်အခြေအနေ ပိုမိုဆိုးရွားလာတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ရှုပ်ထွေးလာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က တိုကျိုအရှေ့မြောက်ဘက် ဆိုင်တာမာစီရင်စုရှိ ယာရှီယိုမြို့မှာ မနက်ပိုင်းယာဉ်အသွားအလာများချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ကားလမ်းမြေကျွံကျမှုမှာ အကျယ် ၁၀ မီတာ အနက် ၅ မီတာနက်ပေမယ်လည်း အနီးနားရှိ မြေကျွံလှိုဏ်တခုနဲ့ပေါင်းပြီး နှစ်ဆဖြစ်သွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပိတ်မိနေတဲ့ ထရပ်ကားမောင်းသူဟာ အင်္ဂါနေ့မွန်းလွဲပိုင်းက ကယ်ဆယ်ရေးသမားတွေကို နောက်ဆုံးတုံ့ပြန်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ထရပ်ကားဟာ မြေကြီးထဲကို ထပ်မံနစ်မြုပ်သွားပြီးနောက် ပိတ်မိနေသူနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အောက်ဘက်မှာ လှိုဏ်ခေါင်းတခုရှိနေတာက ကယ်ဆယ်ရေးကို အဓိကအတားအဆီးဖြစ်နေတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေဟာ ထရပ်ကားကိုကရိန်းနဲ့ ဆွဲတင်ပြီး ကားသမားကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်တွဲသာပါလာခဲ့ပြီး ယာဉ်မောင်းခန်းက ကျန်ခဲ့တာကြောင်း မအောင်မြင်ခဲ့ပါဘူး။
တွင်းထဲက မြေစာတွေကို ဖယ်ထုတ်ပြီး ကယ်ဆယ်ရေးမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။ဒါဟာ ရေဆိုးမြောင်းစနစ်ကနေ အက်ဆစ်ဓါတ်များတဲ့ ရေတွေဖြတ်သန်းသွားပြီးနောက် အခုလို လှိုဏ်ပေါက်ဖြစ်လာနိုင်ကြောင်း ရေဆိုးမြောင်းစနစ် တာဝန်ရှိသူတယောက် ပြောပါတယ်။ ငါးနှစ်တကြိမ် စစ်ဆေးမှုမှာတော့ ပြသနာတစုံတရာမရှိခဲ့ဘူးလို့ တာဝန်ရှိသူသူတွေက ပြောဆိုထားပါတယ်။
တွင်းနံရံတွေက မြေပြိုမှု ဆက်လက်ဆိုးရွားကျယ်ပြန့်လာပြီး ကတ္တရာတွေ ဆက်လက်ပဲ့ကျမှုတွေကြောင့် တွင်းအနီးကိုသွားရောက်ဖို့ပါ ခက်ခဲနေသလို စက်ယန္တရားကြီးတွေ နေရာချထားရေးမှာလည်း အန္တရယ်များကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
Ref:AFP
Photo:AP
#centralnewsnaypyitaw
