*လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိန်းသိမ်း ကာကွယ်ခြင်း
အများပြည်သူတို့အနေနှင့် လွတ်လပ်သောသူများဖြစ်ဖို့ တိုင်းပြည်အုပ်ချုပ်ရာ၌ မိမိတို့သဘောဆန္ဒများပါ ပါဝင်နိုင်စေဖို့ဆိုလျှင် မိမိ ထင်မြင်ယူဆချက်များကို အများသူငါ ကြားသိအောင် လွတ်လပ်စွာ ပြောခွင့်ဆိုခွင့် ဖြန့်ဖြူးခွင့် ရှိလိုပေသည်။
သည့်အတွက် “လွတ်လပ်စွာပြောဆိုခွင့်’ ကို နိုင်ငံသားတို့၏ မူလ ရပိုင်ခွင့် တစ်ရပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အခိုင်အမာ ပြဋ္ဌာန်းခြင်းအပြင် အဆိုပါ အခွင့်အရေးအား ဥပဒေပြုမဏ္ဍိုင်ကဖြစ်စေ၊ အုပ်ချုပ်ရေး မဏ္ဍိုင်ကဖြစ်စေ ကန့်သတ် ဖြတ်တောက်ခြင်း၊ တားမြစ်ပိတ်ပင်ခြင်းများ မပြုရအောင် တိတိကျကျ ကာကွယ် ပေးသော ပြဋ္ဌာန်းချက်မျိုးကိုလည်းယင်း၌ ထည့်သွင်းထားဖို့လိုသည်။