single ဖြစ်နေသူတွေအတွက် အိမ်မက်ဆိုးတွေကို ပေးမယ့် The Lobster (2015)....
David ဆိုတဲ့ သတ်လက်ပိုင်း ယောကျာ်း တစ်ယောက်ဟာ single ဖြစ်ချင်းက တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ universe တစ်ခုမှာ နေထိုင်တယ်
David ဟာ သူ့ရဲ့ မိန်းမက တခြား ယောကျာ်း တစ်ယောက်နဲ့ လိုက်ပြေးသွားတဲ့ အတွက် single တွေကို တွဲဘက်ရှာပေးတဲ့ ဟိုတယ် တစ်ခုကို မဖြစ်မနေ သွားခဲ့ရတယ်
ဒီဟိုတယ်မှာ နေထိုင်ကြသူ single တွေတိုင်းဟာ 45 ရက်အတွင်းမှာ ကိုယ့်ရဲ့ တွဲဖက်ဖြစ်လာမယ့် သူကို ရှာဖွေရတယ်
ဒီ 45 ရက်အတွင်းမှာ ကိုယ့်ရဲ့ တွဲဖက်ကို မရှာနိုင်ရင်တော့ ပြစ်ဒဏ် အနေနဲ့ လူအဖြစ်ကနေ တိရစ္ဆာန် တစ်ကောင် အဖြစ်ကို ပြောင်းလဲခံရတယ်
ဒါမဲ့ ကိုယ့်ရဲ့ တွဲဖက်ကို ရှာဖို့ ပေးထားတဲ့ အချိန် 45 ရက်ကို ထပ်တိုးချင်ရင်တော့ rule တစ်ခု ရှိတယ်
အဲ့ဒါကတော့ ဟိုတယ်နားက တောတွေထဲမှာ တရားမဝင်နေထိုင်နေတဲ့ single တွေကို လိုက်လံ ရှာဖွေ သတ်ဖြတ်ရတယ် ရက်များများရချင်ရင် များများ သတ်ရတယ်
ဒီလို စည်းမျဉ်းတွေကို ကြောက်လို့ ဆိုပြီး ဟိုတယ်မှာတွေ့တဲ့ လူကို ကောက်တွဲလို့ မရဘူး
ကိုယ့့်ရဲ့ တွဲဖက်ဖြစ်လာမယ့် သူဟာ ကိုယ့်နဲ့ တူညီတဲ့ အရာ တစ်ခုရှိကို ရှိနေရမယ်
ဥပမာ ကိုယ်တွဲဖက်ဖြစ်ချင်နေတဲ့ ကောင်မလေးက နှာခေါင်းသွေး လျှံတက်တဲ့ အကျင့်ရှိတယ်ဆိုရင်
ကိုယ့်ရဲ့ နှာခေါင်းကို နေ့စဉ် စားပွဲခုံနဲ့ ပြစ်ဆောင့်ပီး နှာခေါင်းသွေးလျှံအောင် အမြဲ လုပ်နေရတာမျိုး
အဲ့ဒါမှ ဒီကောင်မလေးနဲ့ တူညီတဲ့ အချက်ရှိပီး ဒီကောင်မလေးနဲ့ တွဲလို့ရမှာ
ဒါက အစပဲ ရှိပါသေးတယ် ဒီ ဟိုတယ်မှာ ရက်ကြာကြာနေလာတာနဲ့ အမျှ ဘယ်လောက်ထိ ရူးကြောင်ကြောင် နိုင်တဲ့ ကိစ္စတွေကို လုပ်ခိုင်းလာမှာလဲ
David တစ်ယောက် တိရစ္ဆာန် တစ်ကောင် ဖြစ်မသွားဖို့နဲ့ ဒီ ဟိုတယ်ကြီးကနေ လွတ်မြောက်အောင် ဘယ်လို ကြိုးစားသွားရမှာလဲ....?
weird but good ဆိုတဲ့ ရုပ်ရှင်ထဲမှာ The Lobster က ထိပ်ဆုံးကနေ ပါဝင်နေတယ်
2015 ခုနှစ်ထဲက ထွက်ရှိထားသလို နာမည်ကြီး ရုပ်ရှင်လဲ ဖြစ်တဲ့ အတွက် တော်တော်များများတော့ ကြည့်ပီးကြပီဖြစ်မှာပါ
ဒါမဲ့ မကြည့်ရသေးသူတွေ အတွက် ကော်ဖီ တစ်ခွက်ကို ဘေးနားချပီး ကြည့်ရှူရမယ့် psychological horror ရုပ်ရှင်ကောင်း တစ်ခု အဖြစ် ညွှန်းပေးလိုက်ရပါတယ်...
