13 ပတ် - ဘာသာပြန်ပါ။

Pinocchio A True Story (2021)

အီတလီ ပုံပြင်လေးတစ်ပုဒ်ဖြစ်တဲ့ သစ်သားရုပ်ကလေးကနေ အသက်ဝင်လာတဲ့Pinocchio အကြောင်း ကြားဖူးကြမှာပါ။ သစ်သားရုပ်ကလေး Pinocchio နဲ့ သူ့အဖော် မြင်းလေး Tibalt တို ကမ္ဘာကြီးကို လျှောက်ပတ်ကြည့်ဖို ထွက်လာခဲ့ရာကနေ မာဂျီရာဖိုကိုရဲ့ ဆပ်ကပ်အဖွဲကိုရောက်သွားပြီး စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရပုံကို တင်ဆက်ထားတာပါ။ လိမ်ပြောရင်နှာခေါင်းကြီးရှည်ထွက်လာမယ် ဆိုတဲ့ အကြောင်းအရာတွေကနေ ကွဲထွက်ပြီးPinocchio နဲ့ သူ့ရဲ့ မိတ်ဆွေ မြင်းလေး Tibalt တိုရဲ့ စွန့်စားခန်းတွေ၊ လူသားဆန်မှုတွေကို ဖော်ကျူးထားတာဖြစ်တဲ့အတွက် Pinocchio ပရိသတ်တွေအနေနဲ့ တမူထူးခြားတဲ့ အရသာကို ခံစားရမှာပါ။ စိမ်းစိမ်းစိုစို ကာတွန်းရုပ်လေးတွေနဲ့ အရောင်အသွေးစုံစုံလင်လင်တင်ဆက်ထားတာကြောင့် စိတ်အပန်းဖြေတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ကာတွန်းကားလေးပဲ ဖြစ်ပါတယ်

image