DeepSeek ကို ဆရာကြီးတွေ ဘယ်လိုမှတ်ချက်ပေးကြလဲ
Trump : ဒေါ်လာ ၅၀၀ ဘီလီယမ်တန် AI Project ကြီးစဖို့ပြင်နေတဲ့ Trump ကတော့ “Wake Up Call” ပါတဲ့
Google, Microsoft, OpenAI တွေကိုလဲ Stay Competitive ဖြစ်နေဖို့ပြောထားပါတယ်
Nvidia : Stock 10% လောက် ထိုးကျသွားလို့ ဘီလီယံ ၆၀၀ လောက် အငွေ့ခနပျံသွားတဲ့ Nvidia ကတော့ “Excellent AI Advancement” လို့ပြောထားပါတယ်
Microsoft : OpenAI မှာ ငွေတွေရှယ်ထည့်ထားတဲ့ Microsoft ကတော့ “Super Impressive” ပါတဲ့ CEO ကိုယ်တိုင် Comment ပေးခဲ့တာပါ
Elon Musk : သူကတော့ကိုမွှေကြီးပါ မေးခွန်းတွေပဲထိုင်ထုတ်နေပါတယ် DeepSeek ကို Train ဖို့ သူတို့ပြောထားတဲ့ GPU ထက်ပိုလိုတဲ့ဆိုတဲ့အကြောင်းအပြင် “DeeperSeeker” လို့တောင် X ရဲ့ ပိုစ့်မှာပြောထားပါတယ်
Sam Altman : OpenAI ရဲ့ပဲ့ကိုင်ရှင်ပါ သူကတော့ DeepSeek ထွက်ပြီး အနည်းငယ် ဂယက်ရိုက်နေသူပါ ဟုတ်လဲဟုတ်တာပဲလေ DeepSeek ရဲ့ ပင်မ တားဂတ်က သူလို့တောင် ပြောလို့ရတယ်
“We’re Ready For Challenge” လို့သူကတော့ ပြောထားတယ် နောက်ပြီးပိုကောင်းတဲ့ model တွေလဲ OpenAI က ချပြပါဦးမယ်တဲ့
Mark Zuckerberg : အတိအလင်း Comment ပေးတာမျိုးတော့မရှိပါဘူး Fortune က ပြောတဲ့သတင်းအရတော့ engineer တွေကို war room (၄) ခုလောက်နဲ့ DeepSeek အကြောင်းအဖြေရှာဖို့စီစဉ်နေတယ် ပြောပါတယ်
သူတို့တိုင်ပတ်နေကြတာ ဒီလိုပါ US Tech Giants တွေက ငွေတွေကို ရေလိုသုံး Billion ချီသုံးမှ AI model အလန်းစားတွေ ထုတ်နိုင်ကြတာပါ ဒါပေမဲ့ DeepSeek က Tech Company လဲမဟုတ် HedgeFund ရဲ့ Side Project က V3 Model လိုတခုကို $10 သန်းဝန်းကျင်လောက် သုံးပြီး ဒီလို AI Model ထွက်လာလို့ပါပဲ
2025 နှစ်စကတော့ AI လောကရဲ့ ဘဝတဆစ်ချိုးလို့တောင်ပြောရမယ်
AI ပြိုင်ပွဲမှာ ထိပ်ဆုံးရောက်ခဲ့ပြီး အနားယူနေတယ်ပြောရမဲ့ ဆီလီကွန်တောင်ကြား က Tech Giant တွေ တစ်ခုခုချပြမှ DeepSeek ရေကြီးတာ ပြန်ကျမဲ့ပုံပါ
2025 မှာ AI ပြိုင်ပွဲကတော့ စောင့်ကြည့်ဖို့ အတန်ဆုံးဖြစ်မယ်လို့ ခန့်မှန်းရပါတယ်
