13 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာက ဂီရိုနာအသင်းနဲ့ကစားခဲ့တဲ့ဥရောပချန်ပီယံပွဲစဉ်မှာ နီတိုကိုအစားထိုးဝင်ရောက်ကစားစေခဲ့ပြီးနောက်ဒေးဗစ်ရာယာအနေနဲ့ ဒဏ်ရာပြသနာရှိနေတယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။

ဥရောပချန်ပီယံလိဂ်အုပ်စုအဆင့်မှာတော့ ဂန်းနားအသင်းဟာ ဂီရိုနာအသင်းကို ၂-၁ ဆိုတဲ့ရလဒ်နဲ့အနိုင်ရလာခဲ့ပြီး အဆိုပါပွဲစဉ်မှာတော့ သူတို့အသင်းဟာ ကစားသမားအပြောင်းအလဲတွေရှိထားခဲ့ကာ ဂိုးသမားနေရာမှာပါနီတိုကိုထည့်သွင်းကစားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်းအာတီတာက ဂိုးသမားအပြောင်းအလဲပြုလုပ်ရခြင်းရဲ့အကြောင်းအရင်းကိုထုတ်ဖော်ပြောဆိုလာခဲ့ပြီး ရာယာဟာဒဏ်ရာပြသနာရှိနေကာ ပွဲထွက်ကစားဖို့ကြံ့ခိုင်မှုမပြည့်၀ခဲ့တာကြောင့်အသင်းကစားသမားစာရင်းမှာမပါဝင်လာခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

ရာယာအနေနဲ့ ဒီပွဲစဉ်မှာပါဝင်ကစားခဲ့ရခြင်းမရှိတာနဲ့ပတ်သက်ပြီးမေးမြန်းခံရတဲ့အခါမှာတော့ ဟုတ်ပါတယ်။သူကြံ့ခိုင်မှုမပြည့်ပါဘူး။ဒါ့အပြင် တကယ်လို့ဘယ်ကစားသမားဖြစ်ဖြစ်အခွင့်အရေးရရှိသင့်တယ်ဆိုရင် နီတိုဖြစ်ပါတယ်။သူ့အနေနဲ့ပွဲထွက်ကမစားခဲ့ရပါဘူး။သူ့အနေနဲ့ဒဏ်ရာရနေတာကြောင့်ပါပဲ့လို့အာတီတာကပြန်လည်ဖြေဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း စပိန်နည်းပြကြီးအနေနဲ့ ရာယာရဲ့ဒဏ်ရာဟာဘယ်လောက်ပြင်းထန်လဲဆိုတာကိုတော့အတည်ပြုပြောဆိုတာမျိုးမရှိဘဲ အနားယူရမှာလားဆိုတာလဲမပြောဆိုခဲ့တာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်အနေနဲ့ကတော့ သူတို့အသင်းအနေနဲ့ ဒီတပတ်မှာတော့မန်ချက်စတာစီးတီးအသင်းနဲ့တွေ့ဆုံကစားရဖို့ရှိနေပါတယ်။

#ဘောလုံးသတင်းစုံ

image