TikTok မှာတင်တဲ့ ဗီဒီယိုကြောင့် ဖခင်က သမီးဖြစ်သူကို ပစ်သတ်မှု ပါကစ္စတန်မှာ ဖြစ်ပွား
အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ ၃၀
ဆယ်ကျော်သက်သမီးဖြစ်သူ TikTok မှာတင်တဲ့ ဗီဒီယိုတွေကြောင့် ဖခင်ဖြစ်သူက သမီးဖြစ်သူကို သတ်ဖြတ်မှု ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
မကြာသေးခင်က အမေရိကန်ကနေ ပါကစ္စတန်ကို ပြန်လည်ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ အန်ဝါအယ်လ်ဟတ်ဟာ သမီးဖြစ်သူ ဟာယာကို နိုင်ငံအနောက်တောင်ပိုင်း ကေတာမြို့မှာ ပစ်သတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြစ်မှုကို ဝန်ခံပြီးနောက် လူသတ်မှုနဲ့ တရားစွဲထားပါတယ်။
အမေရိကန်နို်ငငံသားဖြစ်သူ ဖခင်ဟာ သမီးဖြစ်သူရဲ့ TikTok ဗီဒီယိုတင်တာတွေနဲ့ပတ်သက်ပြီး အမြဲကန့်ကွက်လေ့ရှိပြီး သတ်ဖြတ်မှုနောက်ကွယ်မှာ အမည်မသိတခြားအမျိုးသားတွေလည်း ပါဝင်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၁၄ နှစ်သာရှိသေးတဲ့ ဟာယာသတ်ဖြတ်ခံရမှုဟာ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုပုံစံနဲ့ လူမှုဘ၀ဆက်ဆံရေးတွေအပေါ် မိသားစုက ကန့်ကွက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့မိသားစုဟာ အမေရိကန်မှာ ၂၅ နှစ်ကြာ နေထိုင်ခဲ့ပြီး ဟာယာဟာ ပါကစ္စတန်ကို မပြောင်းခင်ကတည်းက TikTok မှာ ဗီဒီယိုတွေ စတင်ခဲ့တာပါ။
အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူအပြင် သူ့ရဲ့ယောက်ဖဖြစ်သူကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒါဟာ မိသားစုဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်းလိုမျိုးကြောင့်ဆိုတာလားအပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ ရှုထောင်ပေါင်းစုံကနေ စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပါကစ္စတန်မှာတော့ ဒီလိုသတ်ဖြတ်မှုမျိုးတွေ ဖြစ်ပွားလေ့ရှိပြီး နှစ်စဉ် အမျိုးသမီးရာနဲ့ချီသေဆုံးနေပြီး ကျူးလွန်သူအနေနဲ့ ၂၀၁၆ ခုနှစ်မှာ ပြောင်းလဲလိုက်တဲ့ ဥပဒေအရ ထောင်ဒဏ်တသက်တကျွန်း ကျခံရမှာဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images
#သတင်းဟင်းလေးအိုးကြီး
