၂၀၂၅ ယူအက်စ်အိုးပင်းပြိုင်ပွဲကို ၁၅ ရက်ကြာကျင်းပမည်
-------------------------
၂၀၂၅ ယူအက်စ်အိုးပင်းပြိုင်ပွဲကို ၁၅ ရက်ကြာပြိုင်ပွဲအဖြစ် ကျင်းပမှာဖြစ်ပြီး အိုးပင်းခေတ်မှာ ပထမဆုံး အကြိမ် အဖြစ် ပြိုင်ပွဲကို တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ် ယူအက်စ်အိုးပင်းရဲ့ ပထမအဆင့် ပွဲတွေကို ဩဂုတ်လ ၂၄ ရက်(တနင်္ဂနွေနေ့)မှာ စတင်မှာဖြစ်ပြီး ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ တနင်္ဂနွေနေ့ ဖြစ်တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
ဒါကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲဟာ တနင်္ဂနွေနေ့မှာ စတင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ဆုံးဂရင်းစလမ်ပြိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။ ဩစတြေးလျအိုးပင်းပြိုင်ပွဲက ၂၀၂၄ ခုနှစ်က စတင်ပြီး တနင်္ဂနွေနေ့မှာ ပြိုင်ပွဲကို စတင်ဖို့ ဆုံးဖြတ်ခဲ့သလို ပြင်သစ်အိုးပင်းပြိုင်ပွဲကလည်း ၂၀၀၆ ခုနှစ်ထဲက အခုလိုမျိုးပြောင်းလဲကျင်းပထားခဲ့တာဖြစ်ပါ တယ်။ ဂရင်းစလမ်ပြိုင်ပွဲတွေမှာ ရိုးရာမပျက် တနင်္လာနေ့စတင်မှုကို ဆက်ထိန်းထားတဲ့ ပြိုင်ပွဲဆိုလို့ ဝင်ဘယ် ဒန်ပြိုင်ပွဲတစ်ခုသာကျန်ရှိတော့တာဖြစ်ပါတယ်။
အခုလိုမျိုး ပြောင်းလဲ လိုက်တာက ၃ နှစ်ဆက်တိုက် စံချိန်ဝင်ဝင်ရောက်အားပေးခဲ့တဲ့ ပရိသတ်တွေပိုမို တိုးမြှင့် ဝင်ရောက်လာနိုင်ဖို့ ဖြစ်တယ်လို့ ယူအက်စ်အိုးပင်းပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ခဲ့ပါတယ်။ အခုလိုမျိုး ပြိုင်ပွဲ ရက်ကိုတိုးမြှင့်လိုက်တာ ကြောင့် ပြိုင်ပွဲကိုဝင်ကြည့်တဲ့ ပရိသတ်ဦးရေက ၇ သောင်းလောက် ထပ်တိုးလာဖို့ရှိ တယ်လို့ ယူအက်စ်အိုးပင်း ပြိုင်ပွဲကျင်းပရေးက ခန့်မှန်းထားပါတယ်။
