24 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ အကြီးဆုံး ကားတင်တဲ့ သင်္ဘောကို တည်ဆောက်လိုက်တဲ့ BYD
========================================

BYD ဟာ ကမ္ဘာ့ ကားဈေးကွက်မှာ တိုးချဲ့ နယ်ချဲ့နေပါတယ်။ အဲဒီအတွက် ကားတင်တဲ့ သင်္ဘောတွေကို တည်ဆောက်နေပါတယ်။

အခုတော့ ကမ္ဘာ့ အကြီးဆုံး ကားတင်တဲ့ သင်္ဘောကို တည်ဆောက်လိုက်ပါတယ်။ BYD Shenzen လို့ အမည်ပေးထားပြီး ကားအစီး ၉,၂၀၀ ကို တင်ဆောင်နိုင်ပါတယ်။ ဒါဟာ BYD ရဲ့ စတုတ္ထမြောက် ကားတင်တဲ့ သင်္ဘော ဖြစ်ပါတယ်။

သင်္ဘောကို သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် တည်ဆောက်ထားပြီး အဆင့်မြင့် ဘက်ထရီနဲ့ Generator တွေ တပ်ဆင်ထားပါတယ်။ ကုမ္ပဏီဟာ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို သင်္ဘောမှာ အသုံးပြုထားပါတယ်။

BYD ဟာ ၂၀၂၄ ခုနှစ်မှာ Ford နဲ့ Honda ကို ကျော်တက်ပြီး EV ကား ၄.၂၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ BYD ဟာ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပမှာ ဈေးကွက်တိုးချဲ့နိုင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဈေးကွက် အသစ်တွေကို ဝင်ရောက်ဖို့ ကုမ္ပဏီက ရည်မှန်းထားပါတယ်။
#digitalsphere

image