13 ပတ် - ဘာသာပြန်ပါ။

ဝက်ပင်စိမ်း ဝက်ကဖောင်းချက်နည်း
လွယ်လွယ်နဲ့မြန်မြန်ချက်နည်းလေးပါ
ဝက်သား300g(နှစ်ဆယ်သားနီးပါး)
ငရုပ်သီအနီ ရှစ်တောင့်
ကြက်သွန်ဖြူတလုံး
ကြက်သားမုန့်လက်ဖက်ရည်ဇွန်းတဇွန်းမရှိတရှိ
ခရုဆီထမင်းစားဇွန်းတဇွန်း
ပဲငံပြာရည်အကြည်တဇွန်း
ပင်စိမ်းသို့မဟုတ်ကဖောင်းရွက်တို့လိုအပ်ပါတယ်
ဒယ်အိုးထဲမှာဆီပူအောင်တည်ပြီးကြက်သွန်ဖြူ
ငရုပ်သီးထောင်းထာတာကိုဆီသတ်ပါမယ်
ဆီသတ်နံလေးမွှေးလာရင်ဝက်သားတောက်တောက်စင်းထားတာကိုထည့်ပါ
ကြက်သားမုန့် ပဲငံပြာရည်ခရုဆီတို့ကိုထည့်ပါ ရေထမင်းစားဇွန်းနဲ့နှစ်ဇွန်းလောက်ထည့်ပါ
ရေခမ်းပြီးဆီပြန်လာရင်ပင်စိမ်းရွက်သို့မဟုတ်ကဖောင်းရွက်ကိုထည့်မွေပြီးတာနဲ့ ဝက်သားကဖောင်း
လေးရပါပြီဗျ
ဝက်သားနေရာမှာကြက်သား ပုဇွန် ရေဘဝဲအကုန်သုံးလို့ရပါတယ်ဗျ။
#မြိန်မြိန်

image