13 ပတ် - ဘာသာပြန်ပါ။

လီဗာပူးလ်အသင်းရဲ့အဂ်လန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်းအဲလက်စ်အော့စလိတ်ချိန်ဘာလိန်ဟာအဂ်လန်ကိုနောက်တကြိမ်ပြန်လာဖွယ်ရှိနေတယ်လို့ အဂ်လန်သတင်းဌာန The Sun ကဖော်ပြခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်အဲလက်အော့စလိတ်ချိန်ဘာလိန်ဟာလက်ရှိကလပ်ဘက်ဆီတပ်စ်အသင်းမှာပွဲထွက်ကစားခွင့်သိပ်မရခဲ့ဘဲစိတ်ပျက်စရာရာသီကာလရှိခဲ့တာဖြစ်ပါတယ်။

ဘက်ဆီတပ်စ်အသင်းရဲ့နည်းပြသစ်ဖြစ်လာတဲ့အိုလေဂန်းနားဆိုးလ်ရှားဟာ အော့စလိတ်ချိန်ဘာလိန်ကိုပွဲနဲ့ထိတွေ့ကစားဖို့အတွက်ပွဲထွက်ကစားခွင့်ပိုပေးဖို့ရည်မှန်းထားပေမဲ့လည်း အဆိုပါကစားသမားအနေနဲ့ အဂ်လန်ပရီးမီးယားလိဂ်ကိုနောက်တကြိမ်ပြောင်းရွှေ့ကစားဖို့စိတ်ဝင်စားမှုရှိနေတယ်လို့ တူရကီသတင်းကဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းဖြစ်တဲ့၀ုဗ်ဗာဟမ်တန်အသင်းနဲ့လက်စတာစီးတီးအသင်းတို့ဟာ အဲလက်အော့စလိတ်ချိန်ဘာလိန်ရဲ့အခြေအနေကို ဒီဇန်နဝါရီလကစားသမားအပြောင်းအရွှေ့စျေးကွက်ကာလမပိတ်သိမ်းခင်မှာအသီးသီးစောင့်ကြည့်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင်ချန်ပီယံရှစ်လိဂ်ကလပ်လိဒ်ယူနိုက်တက်အသင်းအနေနဲ့လည်း အဆိုပါကွင်းလယ်ကစားသမားအနေနဲ့အသင်းကနေပြောင်းရွှေ့ခွင့်ရမယ်ဆိုရင်တော့ အော့စလိတ်ချိန်ဘာလိန်ကိုခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေတာဖြစ်ပါတယ်။

ဘက်ဆီတပ်စ်အသင်းအနေနဲ့ အဲလက်စ်အော့စလိတ်ချိန်ဘာလိန်ကို အသင်းကနေအငှားနဲ့လက်လွှတ်ဖွယ်ရှိနေတဲ့အရိပ်အယောင်ရှိနေပြီး တကယ်လို့ကစားသမားအနေနဲ့အပြောင်းအရွှေ့ကောင်းကောင်းဖြစ်လာမယ်ဆိုရင်တော့ကစားသမားကိုလက်လွှတ်ဖို့လက်ခံလာဖွယ်လည်းရှိနေပါတယ်။

#ဘောလုံးသတင်းစုံ

image