14 w - Translate

ထိုင်းသို့ ပြောင်းတင်ပို့မှု ၇ လ အခွန်ကင်းလွတ်ခွင့်ရ
-----------------------
ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ရာမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဩဂုတ်လကုန်အထိ (၇)လအတွင်း အခွန်ကင်းလွတ်ခွင့် ရရှိထားတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းကနေ သိရပါတယ်။
ပြောင်းတင်ပို့ရာမှာ ထိုင်းနိုင်ငံကို အများဆုံးနဲ့ အိန္ဒိယနိုင်ငံကို ဒုတိယအများဆုံး တင်ပို့နေတာဖြစ်ပြီး လက်ရှိမှာ တော့ ပြောင်းဈေးသိပ်မကောင်းပေမယ့် နောက်ပိုင်းမှာဈေးကောင်းလာဖို့ မျှော်လင့်ထားတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းရဲ့ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောပါတယ်။
ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ရာမှာ ပင်လယ်ရေကြောင်းလမ်းနဲ့ ကော့သောင်းဆိပ်ကမ်းကတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းကို တင်ပို့နေပြီး ကုန်းတွင်းနယ်စပ် တာချီလိတ်ကတစ်ဆင့်လည်း တင်ပို့နေတယ်လို့ ဆိုပါတယ်။
ပဲ၊ ပြောင်း၊ နှမ်းအသင်းရဲ့ ပင်လယ်ရေကြောင်းကတင်ပို့တဲ့ မှတ်တမ်းတွေအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ကနေ ဒီဇင်ဘာလကုန်အထိ ပြည်ပကို ပြောင်းတန်ချိန် ၂ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၂၅ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

image