14 ပတ် - ဘာသာပြန်ပါ။

ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ ဈာပနအခမ်းအနားပြုလုပ်

ပြီးခဲ့တဲ့ဇန်နဝါရီ(၂၈)ရက် မနက်အစောပိုင်းက ကွယ်လွန်သွားတဲ့ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရဲ့ စျာပန အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၃နာရီအချိန်က ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာပြုလုပ်ခဲ့ပါတယ်၊၊

ဈာပနအခမ်းအနားကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကဆရာတော် အပါး ၂၀၀နဲ့ မြန်မာစာဌာနက အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး‌တွေ၊ စာရေးဆရာ/ဆရာမကြီးတွေ၊ ရန်ကုန်တက္ကသိုလ်၊ပညာရေးတက္ကသိုလ်က ကျောင်းသားကျောင်းသူ‌တွေနဲ့ ဆရာကြီးကိုချစ်ခင်လေးစားတဲ့အများပြည်သူတွေ လိုက်ပါပို့ဆောင်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးက လွမ်းသူ့ပန်းခြင်း ပေးပို့တာကိုလည်း တွေ့ရပါတယ်။

ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ မြို့နယ်မှာ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးခင်အေးဖြစ်ပါတယ်။

ဆရာကြီးဟာ၂၀၀၂ ခုနှစ်မှာ မြန်မာစာပါမောက္ခအဖြစ်ကနေ အငြိမ်းစားယူခဲ့ပြီး မြန်မာစာပေနဲ့ ပတ်သက်တဲ့ စာအုပ် ၁၀၀ ကျော် ရေးသားခဲ့တယ်လို့ သိရပါတယ်။

ဆရာကြီးအနေနဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ၂၀၀၂ ခုနှစ်က ချီးမြှင့်ခံခဲ့ရသလို စာပေနဲ့ ပတ်သက်လို့လည်း အမျိုးသားစာပေဆု(စာပဒေသာဆု)၊ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ်(ပထမဆင့်)နဲ့ အမျိုးသားစာပေ တစ်သက်တာဆုတို့ကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။

ဆရာကြီးဟာကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ် ရှိပြီဖြစ်ပါတယ်။

image
image
image
image