14 w - Translate

တရုတ် AI ကြောင့် အာရှစတော့ရှယ်ယာများ မြင့်တက်
-----------------------------------
တရုတ် AI နည်းပညာလွှမ်းမိုးမှုကြောင့် အခုသီတင်းပတ်အတွင်း အာရှစတော့ရှယ်ယာဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အာရှစတော့ရှယ်ယာဈေးနှုန်းတွေက သိသိသာ သာ မြင့်တက်နေပေမယ့် တစ်ဘက်မှာတော့ အမေရိကန်စတော့ရှယ်ယာဈေးနှုန်းတွေကတည်ငြိမ်နေပါတယ်။

တရုတ်နည်းပညာလွှမ်းမိုးပြီး ဈေးကွက်ကြီးစိုးလာမှုကြောင့် ထိပ်တန်း ချစ်ပ်ထုတ်လုပ်သူ Nvidia ရှယ်ယာဈေး နှုန်းတွေကလည်း ၁၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံး စျေးကွက် အရင်းအနှီး ဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဩစတြေးလျရှိ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာဈေးနှုန်းတွေ ကျဆင်း ခဲ့သလို တရုတ်(တိုင်ပေ)နဲ့ တောင်ကိုရီးယားက နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာဈေးနှုန်းတွေကလည်း ကျဆင်းနေပါတယ်။

OpenAI ၊ Google နဲ့ Anthropic တို့လို ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ လုပ်ငန်းကြီးတွေကလည်း ဈေးကွက် တန်ဖိုးတွေ အဆမတန်ကျဆင်းသွားမှာကို စိုးရိမ်နေကြပါတယ်။ တန်ဖိုးနည်း တရုတ် ဉာဏ်ရည်တုမော်ဒယ် DeepSeek ရဲ့ AI နည်းပညာကုမ္ပဏီတွေအပေါ် လွှမ်းမိုးမှု ခြိမ်းခြောက်လာတာတွေကြောင့် ရင်းနှီးမြှုပ်နှံသူ တွေကလည်း စိုးရိမ်နေကြပါတယ်။

image