14 w - Translate

AI မျက်မှန်ကြောင့် မျက်မမြင်တွေ လမ်းလျှောက်နိုင်ပြီ
===============================
AI ဟာ တော်တော် အစွမ်းထက်လာပြီ ဖြစ်ပြီး နယ်ပယ်မျိုးစုံမှာ အသုံးပြုလာကြပါတယ်။ အခုတော့ AI နည်းပညာဟာ မျက်မမြင်တွေအတွက် အကျိုးများစွာ ရှိလာပြီ ဖြစ်ပါတယ်။
ရိုမေးနီးယားရဲ့ Lumen ကုမ္ပဏီက Consumer Electronics Show (CES) 2025 နည်းပညာပြပွဲမှာ AI မျက်မှန်ကို ပြသလိုက်ပါတယ်။ မျက်မမြင်တွေဟာ အဲဒီ မျက်မှန်ကို ဝတ်ဆင်ထားရင် တခြားလူရဲ့ အကူအညီမလိုဘဲ လမ်းလျှောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီမျက်မှန်မှာ ကားတွေမှာ ပါတဲ့ မောင်းသူမဲ့ နည်းပညာ ထည့်သွင်းထားပါတယ်။
AI က ဝတ်ဆင်ထားသူရဲ့ ပတ်ဝန်းကျင်မှ အရာတွေကို အာရုံခံနိုင်ပြီး 3D Mapping ပြုလုပ်နိုင်ပါတယ်။ အဲဒီကနေ အသံနဲ့ ဝတ်ဆင်ထားသူကို လမ်းညွှန်ပေးတာ ဖြစ်ပါတယ်။ လှေခါးတွေလို အတားအဆီးတွေကိုလည်း ဖြတ်သန်းသွားနိုင်အောင် ကူညီပေးနိုင်ပါတယ်။
တစ်ကမ္ဘာလုံးမှ မျက်မမြင် ၃၀၀ ကျော်နဲ့ AI မျက်မှန်ကို စမ်းသပ်ပြီးပြီ ဖြစ်ပြီး အလွန် အသုံးဝင်တယ်ဆိုတဲ့ Feedback တွေ ရထားပါတယ်။ ကုမ္ပဏီက AI မျက်မှန်ကို ၂၀၂၄ ခုနှစ်ကတည်းက စတင် ရောင်းချပေးနေပါပြီ။

image