14 ပတ် - ဘာသာပြန်ပါ။

သာသနဝံသသမုဋ္ဌာပက ပဓာနနာယကဆရာ တော်ကြီး၏ သက်တော်(၁၀၀)နှစ်ပြည့်ပူဇာသို့ သီတဂူဆရာတော်ကြီး၊ ပါမောက္ခချုပ်ဆရာ တော်ကြီးတို့အပါအဝင် ဆရာတော်ကြီးများကြွရောက်တော်မူ

စစ်ကိုင်းတိုင်းရှိ မဟာသုဗောဓာရုံကျောင်းတိုက် ၏ သာသနဝံသသမုဋ္ဌာပက ပဓာနနာယကဆရာတော်ကြီး၏ သက်တော်(၁၀၀)နှစ်ပြည့်မွေးနေ့ပူဇာအား ယနေ့ ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက ယင်း ကျောင်းတိုက်၌ဆင်ယင်ကျင်းပရာ သီတဂူဆရာတော်ကြီး၊ ပါမောက္ခချုပ်ဆရာတော်ကြီးတို့အပါအဝင် ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။

ဆရာတော်ကြီး၏ မွေးနေ့ပူဇာမင်္ဂလာ၌ သီတဂူဆရာတော်ကြီးမှ ဧည့်ပရိသတ်များအား တရားရေအေးတိုက်ကျွေးတော်မူခဲ့ပြီး ပါမောက္ခချုပ်ဆရာတော်ကြီးမှလည်း မဟာသုဗောဓာရုံကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်တော်မူကြသည့် စာချ/စာသင်သံဃာတော် ၄၀၀ ကျော်အား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့ပြင် ဆရာတော်ကြီး၏ မွေးနေ့ပူဇာမင်္ဂလာသို့ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် မဟာသုဗောဓာရုံကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်တော်မူကြသည့် စာချ/စာသင်သံဃာတော်များအား ဧည့်ပရိသတ်များက ဆွမ်း ဆန်စိမ်းများလောင်းလှူပူဇော်ခဲ့ကြသည်။

image