. လွယ်ကူ အစွမ်းထက်တဲ့အာရုံကြောအားဆေး
. ဆေးနည်းလင်္ကာ
. ကြက် သံ ပျား နွေး ဖီး စားပေး၊
အားဆေးတခွက်ပါ။
လိုလျင်တခွက်၊
မြန်စွာနှက်၊
အိပ်စက်နားလိုက်ပါ။
တရေးသော်နိုး၊ အားပြည့်ဖြိုး၊
စွမ်းတိုးလန်းဆန်းဖြာ။
လူကြီးမိဘ၊ သောက်ပါက၊
ကျန်းမာပေါ့ပါးလာ။
နုံးချိမောပန်း၊ သူ့အစွမ်း၊
လန်းဆန်းအားပြည့်လာ။
သွေးကြောလေကြော၊ အာရုံကြော၊
စောလျဉ်အားပြည့်လာ။
💠. ကြက် = မည်သည့်ကြက်ဥမဆို အစိမ်းတလုံး၊
သံ = သံပုရာသီးအလုံးကြီးတလုံးအရည်၊
ပျား = ပျားရည်ဟင်းစားဇွန်းတဇွန်း၊
နွေး = ရေနွေးအဖြူ
အပူအကြမ်းပန်းကန်တဝက်
ဖီး =ဖီးကြမ်းငှက်ပျောသီး
💠. အထက်ပါလေးမျိုးကိုထည့်ပြီးသမအောင်ရော မွှေပါ။ ဖီးကြမ်းငှက်ပျောသီးအမှည့်တလုံးကိုထည့်မွှေ၍ဖြစ်စေ၊ သူ့ချည်းသက်သက်ဦးစွာစားပြီးပါကအထက်ပါဆေးရည်ကိုသောက်ပြီး အနားယူလိုက်ပါကမကြာမီအားပြန်ပြည့်လာပါမည်။
💠. မိမိ၏ကိုယ်ခံစွမ်းအားပေါ်မူတည်၍နေ့စဉ်ဖြစ်စေ၊ တရက်ခြားဖြစ်စေသောက်သုံးနိုင်ပါသည်။ လိုအပ်သလိုအရေးပေါ်အားဆေးအနေဖြင့်သုံးဆောင်နိုင်ပါသည်။
💠. ဤဆေးတွင် ပျားရည်ပါခြင်းကြောင့်
အပူကန်တတ်ပါ၍ ရေဝဝချိုးပေးရန် လိုအပ်ပါသည်။ ရေချိုးပြီးပါက ပို၍နေထိုင်ကောင်းလာပါလိမ့်မည်။
💠. ခန္ဓာကိုယ်အတွင်း အပူအားကြီးသူများနှင့်ကိုယ်ဝန်ဆောင်မိခင်များ သုံးဆောင်ပါက ပျားရည်ကိုဟင်းစားဇွန်းတဇွန်းမသုံးဘဲ လဘက်ရည်ဇွန်းတဇွန်းစာသာ ထည့်၍သုံး
ဆောင်သင့်ပါသည်။
💠. ဒီလိုတွေလုပ်မစားချင်လို့ အာရုံကြောအားတိုးဆေးသောက်မယ်ဆို အင်အားသစ်အာရုံကြောအားတိုးဆေးနဲ့ အထူးနှလုံးဆေးကို တနေ့၂ကြိမ် သောက်ပေးလို့ရပါတယ်
