ဘယ်အသင်းကိုမှ ကြောက်မည်မဟုတ်ကြောင်း ရီးရဲလ်ဂိုးသမား ပြော
----------------------
သောကြာညမှာ မဲခွဲမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့်မဲခွဲပွဲမှာ ရီးရဲလ်မက်ဒရစ်အနေနဲ့ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ ကြောက်နေမှာ မဟုတ်ဘူးလို့ ဂိုးသမား ကော်တွိုက်စ်က ပြောကြားလိုက်ပါတယ်။ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၈)မှာ ရီးရဲလ်အသင်းက ဘရက်စ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ၁၆ သင်းအဆင့် တိုက်ရိုက်တက်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ၁၆ သင်းအဆင့်ကိုရောက်ဖို့အတွက် ပလေးအော့ဖ် အဆင့်ကို ထပ်ကစားရတော့မှာဖြစ်ပါတယ်။ အမှတ်ပေးဇယားရပ်တည်မှုအရ ရီးရဲလ်အသင်းဟာ ပလေးအော့ဖ် အဆင့်မှာ မန်စီးတီး(ဒါမှမဟုတ်) ဆဲလ်တစ်အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
မန်စီးတီးလိုအသင်းနဲ့ ရင်ဆိုင်ရ မယ်ဆိုရင် ရီးရဲလ်အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ အပေါ် ဂိုးသမား ကော်တွိုက်စ်က ပလေးအော့ဖ်အဆင့်မှာ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ ကြောက်နေမှာမဟုတ်ဘဲ အကောင်းဆုံးကစားသွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ရီးရဲလ်နဲ့ မန်စီးတီးတို့ဟာ ပြီးခဲ့တဲ့ ၃ ရာသီဆက် တိုက် ချန်ပီယံလိဂ်မှာဆုံတွေ့ခဲ့ကြပြီး ၂၀၂၂ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ရီးရဲလ်အသင်းက အနိုင်ယူကာ မန်စီးတီး အသင်းကို ပြိုင်ပွဲကနေ ထွက်စေခဲ့တာဖြစ်ပါတယ်။
