လာမည့် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း လေထုညစ်ညမ်းမှုဆက်လက်မြင့်တက်နိုင်မည်ဟုဆို
လာမည့် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းအတွင်း အထက်လေထုအလွှာအတွင်း အပူချိန်ကျဆင်းနေချိန်၌ လေထုညစ်ညမ်းမှုအခြေအနေများ ဆက်လက်မြင့်တက်မည်ဖြစ်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့တွင် အသိပေးထားသည်။
ထို့ကြောင့် မူလအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါအခံရှိနေသူများ နံနက်အစောပိုင်းအချိန်များ၌ အသက်ရှုကြပ်ခြင်း၊ အသက်ရှုရခက်ခဲခြင်းများပိုဖြစ်လာနိုင်ကာ အပြင်ထွက်ပါက Mask တပ်၍ ထွက်ရန်တိုက်တွန်ထားသည်။
ထို့ပြင် ယခုလ ဇန်နဝါရီလကုန်ပိုင်း၌ တိမ်အနည်းငယ်ဖြစ်ထွန်းနေကာ မိုးအုံ့လာခြင်းကြောင့် နေ့အပူချိန်အနည်းငယ်ကျဆင်းလာမည်ဖြစ်ပြီး ညအပူချိန်များတွင် အအေးပေါ့လာနိုင်သည်ဟု ဆိုထား သည်။
အလားတူ ဇန်နဝါရီ (၃၁) ရက်နှင့် ဖေဖေါ်ဝါရီ လဆန်းပိုင်းရက်များတွင်မူ တိမ်ဖြစ်ထွန်းမှု ပြန်လည်လျော့ကျကာ နေ့အပူချိန်များမြင်တက်ပြီး ညအပူချိန်လျော့ကျ၍ ပြန်လည်အေးလာမည်ဖြစ်ကြောင်း ဆိုထားသည်။
