14 w - Translate

ငုံ့ခံတော့လည်း သူတို့မှန်တယ်ထင်သွားကြတယ်။
တုန့်ပြန်တော့လည်း ကိုယ်ကရိုင်းတယ်ဖြစ်သွားရပြန်တယ်။
တစ်ခါတစ်လေကျ လောကကြီးမှာ လူတွေကအမှန်တရားကိုလိုချင်ခဲ့တာမဟုတ်ဘူး။
သူတို့လုပ်ရပ်တွေကိုသာ အမှန်တရားတစ်ခုလို့သာမြင်စေချင်တာပါ။
နောက်ပြီး….
အမှန်တရားဆိုတာမျိုးက ကိုယ်မှန်နေတယ်ဆိုတိုင်း တင်းမာနေလို့ရတဲ့အရာတစ်ခုမဟုတ်။
တစ်ချို့အချိန်တွေမှာ ကိုယ်ဘက်ကမှန်နေတာတောင် ရင်ဆိုင်နိုင်ဖို့မဖြစ်နိုင်တဲ့ အခိုက်အတန့်တွေ လူတစ်ချို့(လူတိုင်း)မှာရှိနေနိုင်ပါတယ်။
အမေကပြောဖူးတယ် ကိုယ်မှန်နေရင်လောကကြီးကို ကြောက်နေစရာမလိုဘူးတဲ့။
ပြောလို့သာလွယ်တာပါ၊ တကယ်တမ်းကြတော့လေ ကိုယ်မှန်နေတာတောင်မှ
ရင်ဆိုင်နိုင်ဖို့ခက်ခဲတဲ့ အချိန်တွေရှိခဲ့ဖူးတယ်။
#aungsitt
#စာတို