(၇)ရက်သား/သမီး အဟောများ
တနင်္ဂနွေသား/သမီး
လုပ်ငန်းအတွက် အလညူအလာကောင်းများ
ကြုံတွေ့နေရသော်လည်း မထင်မှတ်ထားသော နှောင့်နှေးမှုမျိုး ကြုံနေရတတ်မည်။မကြာမီ ယင်းအခက်အခဲများ ပြေလည်သွားမည်။ငွေကြေးအခြေအနေ တိုးတက်ရရဇိနေတတ်မည်။ကျန်းမာရေး ပြဿနာအထူးမရှိပါ။အချစ်ရေးကံ ကောင်းမွန်နေတတ်ပြီး
စန်းပွင့်နေတတ်မည်။အိမ်ထောင်ရေးကံ ပုံမှန်
ပခြေအနေတွင်ရှိနေမည်။အိမ်ထောင်မရှိသေးသူများ အိမ်ထောင်ကျဘို့ ဖြစ်လာတတ်မည်။ပညာရေး ကြိုးစားသလောက် အောင်မြင်နေမည်။
ယတြာ--
မွေးနေ့ တွင် အနီရောင်အလင်းတိုင် (၆) တိုင် အိမ်ကဘုရားတွင် ထွန်းညှိပူဇော်ပေးပါ။
---
တနင်္လာသား/သမီး
လုပ်ငန်း/ငွေကြေး
တိုးတက်မှုများရှိနေမည်။
အထက်လူကြီးများ၊သြဇာရှိသူများ၏ ကူညီမှုဖြင့်
အောင်မြင်မှုရမည်။ငွေကြေးကံ အထူးကောင်းမွန်နေမည်။ကျန်းမာရေး သာမန်
သရိုးသရီဖြစ်မှုမျိုးလောက်သာရှိနေမည်။ဝမ်းခေါင်းတွင်းပြဿနာ သတိထားပါ။အချစ်ရေး
တွင် ချစ်သူနှင့် ပြဿနာဖြစ်၍ လမ်းခွဲရသည်ထိ ဖြစ်တတ်၍ သတိထားပါ။အိမ်ထောင်ရေး ပဠိပက္ခမျိုးကြုံရတတ်သော်လည်း ပြေလည်သွားပါမည်။ပညာရေး
မထင်မှတ်ထားသော
အခက်အခဲမျိုူကြုံရတတ်ပြီး ခေတ္တတုံ့ဆိုင်းသွားတတ်မည်။
ယတြာ--
တနင်္လာနေ့ မွန်းမလွဲမီ
စေတီတစ်ဆူ၏ မွေးနံထောင့်တွင် တံခွန်အဖြူ
(၂) လက်၊လှူပေးပါ။
----
အင်္ဂါသား/သမီး
လုပ်ငန်း အဆင်ပြေနေမည်။မိတ်ဆွေများအကူအညီရကာ တိုးတက်မှုကြုံမည်။ငွေကြေးပိုင်းတွင် ရစရာ
အချို့ ကြန့်ကြာနေတတ်မည်။ကျန်းမာရေး ရုတ်တရက်ချို့ယွင်းကာ
ဆေးရုံတက်ရောက်ကုသရသည်ထိ ဖြစ်တတ်မည်။အာရုံကြော၊အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါမျိုးထဲမှ သတိပြုပါ။အချစ်ရေး ယာယီအားဖြင့်အဆင်မပြေမှု
ကြုံတတ်မည်။အိမ်ထောင်ရေး အဆင်ပြေနေမည်။ပညာရေး နှောင့်နှေးထစ်ငေါ့မှု ကြုံတတ်မည်။
ယတြာ--
အင်္ဂါနေ့ မွန်းမလွဲမီ
စာကလေး(၃)ကောင်လွှတ်ပေးပါ။
---
ဗုဒ္ဓဟူးသား/သမီး
လုပ်ငန်း/ငွေကြေးပိုင်း
ပုံမှန်လည်ပတ်နေမည်။အလုပ်နေရာ ပြောင်ူရဘို့ ပေါ်လာတတ်မည်။ကျန်းမာရေး ကောင်းမွန်နေမည်။အျေစ်ရေးကံ ကောင်းမွန်အဆင်ပြေနေမည်အိမ်ထောင်ရေးအဆင်ပြေသာယာနေမည်။ပညာရေး ကံ သာမန်သာရှိနေမည်။ဝီရိယထား၍ ကျိုးစားရန်လိုပါမည်။
ယတြာ---
ဗုဒ္ဓဟူးနေ့ မွန်းလွဲပြီးနောက် ဘုရား မွေးနံထောင့်တွင် အဝါရောင်အောင်လံ(၄) လက် ကပ်လှူပေးပါ။
----
ကြာသပတေး သား/သီး
လုပ်ငန်း မမရေမရာအခြေအနေမျိုးကြုံနေရတတ်မည်။ဆက်လုပ်သင့်မသင့် ဝေကွဲမရ ဖြစ်နေတတ်မည်။မကြာခင် အခြေအနေတိုးတက်မှုကြုံပါမည်။စိတ်ရှည် ဇွဲရှိဘို့သာ လိုပါမည်။ကျန်းမာရေး ကောင်းမွန်နေမည်ညအကြောတက်ခြင်း၊ခြေလက် ထိခိုက်ခြင်းမျိုး သတိပြုပါ။အခိစ်ရေး အဆင်မပြေတတ်ပါ။ချစ်သူ၏ တစ်ဘက်သပ် လမ်းခွဲခြင်းမျိုး ကြုံရတတ်မည်။
အိမ်ထောင်ရေး ပြဿနာမရှိနိုင်ပါချေ။ပညာရေးကံ အထူးကောင်းမွန်နေမည်။
ယတြာ--
ကြာသပတေးနေ့ နဲနက်
၁၁-နာရီခန့်တွင် ဘူရားမွေးနဲထောင့်တွင် စပယ်ပန်း (၅)ကုံးလှူဒါန်းပေးပါ။
----
သောကြာ သား/သမီး
လုပ်ငန်း အခြေအနေ သင့်တင့်စံာ ကောငါးမွန်နေမည်။ငွေကြေးတွင် လက်အောက်ငယ်သား ကြောင့်ဆုံး ရှုံး မှုအချို့ ကြုံရတတ်၍ သတိပြုပါ။
ကျန်းမာရေး ပြဿနာ မရှိနိုင်ပါ။အချစ်ရေးကံအထူးကောင်းမွန်၍ အဆင်ပြေပျော်ရွှင်ရမည်။အိမ် ထောင်ရေး
အဆင်ပြေ ပျော်ရွှင်ရမာ်။ပညာရေး ကျိုးစားသည်ထက်ပိုမို အောင်မြင်တတ်မည်။
ယတြာ---
သောကြာနေ့ နံနက်ပိုင်း
တွင် အိမ် ရှိဘုရားတွင်
ပန်းကန်တစ်ချက်တွင်ဆီးယို (၈)ဇွန်း ထဲ့၍ ကပ်လှူပေးပါ။
----
စနေ သား/သမီး
လုပ်ငန်း အပြိုင်အဆိုင်များစွာကြုံနေရတန်ပြီး၊ငွေကြေးအကြပ်အတည်း
အချို့ကြုံနေရတတ်မည်။မကြာမီ ပြေလည်သွားပါမည်။ ကျန်းမာရေး အထူးညံ့တတ်မည်။ပြင်းထန်သောရောဂါမျိုး ခံစားရတတ်မည်။လေဖြတ်ခြင်း၊အသည်းရောဂါ ထဲမှ သတိပြုပါ။အချစ်ရေး
ပြဿနာမရှိသော်လည်း
တစ်နေရာစီ ရောက်နေရသော အခြေအနေမျိုး ဖြစ်ေနတတ်မည်။အိမ်
ထောင်ရေး အဆင်မပြေ
သောကာလ၊တစ်ဖက်လူ၏ မူမမှန်မှု ကြုံရတတ်သောကာလမျိုး ဖြစ်တတ်မည်။ပညာရေး ကံ အထူးညဲ့မည်။ကျန်းမာရေးကြောင့် ပညာရေး နှောင့်နှေးတတ်မည်။
ယတြာ__
စနေနေ့ ညနေ ပိုင်း
၄-နာရီလောက်တွင်ဘုရား
မွေးနံထောင့်၌ ပိတောက်(၁၀)ာံန့် ကပ်လှူပေးပါ။
ဆရာဝင်းမင်း(B.Sc)