14 w - Translate

ကိုယ်ကျင့်သီလ(ပဏ္ဏိကဇာတ်)

(သမီး သီလ ရှိ, မရှိ စမ်းသပ်သော ဟင်းရွက်သည် ဒါယကာတစ်ယောက်ကို အကြောင်းပြု၍ ဤအတိတ်ဇာတ်ကြောင်းကို ဆောင်တော်မူလေသည်။ )

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် ဘုရားလောင်းသည် တောအုပ်၌ ရုက္ခစိုးနတ် ဖြစ်လေသည်။ ဗာရာဏသီမြို့တော်ရှိ ဟင်းရွက်သည်တစ်ဦးတွင် သမီးပျိုတစ်ယောက်ရှိရာ ရုပ်ဆင်းအင်္ဂါမှာ လွန်စွာပင် လှပသည်။ အရှက်အကြောင်းလည်း ကြီးသည်။ ရွှင်ပြုံးသော မျက်နှာပေးလည်းရှိသည်။ ထို့ကြောင့် သူမအား မျိုးနွယ်တူ လူငယ်များထဲမှ လက်ထပ်လိုသူပေါများလေသည်။ သို့ရာတွင် ဖခင်သည် သမီးမျက်နှာရွှင်လွန်းအားကြီး၍ လက်ထပ်ခွင့် မပြုလိုသေး။ မိန်းကလေးသိက္ခမရှိသေးဟု ထင်မှတ်၍ ဖြစ်သည်။
ထိုအခါ ဖခင်သည် သမီးအား စမ်းသပ်ကြည့်ရန် တောထဲသို့ ခေါ်ယူသွားခဲ့သည်။ ဟင်းရွက်ခူးရန် အကြောင်းပြချက်နှင့် ဖြစ်သည်။ တောထဲသို့ ရောက်လျှင် ဖခင်သည် ကိလေသာစိတ် ထကြွဟန်ဖြင့် သမီး၏ လက်ကို ဆွဲကိုင်လိုက်သည်။ ဤတွင် သမီးဖြစ်သူသည် ချုံးပွဲချငိုလေတော့သည်။ နှုတ်မှလည်း မသင့်လျော်ကြောင်း တောင်းပန်စကားဆိုသည်။ ထိုအခါ ဖခင်က 'ချစ်သမီး၊ မငိုလင့်၊ ငါသည်သင့်အား မိန်းကလေးသိက္ခာ ရှိ, မရှိ စမ်းသပ်ကြည့်ရုံမျှသာ ဖြစ်သည်'ဟု ဆို၍ ပြန်ခေါ်လာခဲ့သည်။ ထို့နောက် လူငယ်တစ်ဦးနှင့် ထိမ်းမြားလက်ထပ်ပေးလိုက်လေသည်။

အကျင့်သီလ ရှိ, မရှိ လက်တွေ့စမ်းသပ်၍ သိနိုင်သည်။

ဇာတ်ပေါင်း။ ။ ယခင်အခါက ဖခင်=ယခုဖခင်။ ယခင်ကသမီး=ယခုသမီး။ ရုက္ခစိုးနတ်=ဗုဒ္ဓ။

image