14 ပတ် - ဘာသာပြန်ပါ။

သုံးထပ်သားအချိုချက်

ဝက်သားကိုရိုးရိုးလေးဘဲချက်ပါမယ်
ပဲငံပြာရည်မသုံးဘဲ ဝက်သားအရောင်တက်အောင်
သကြားတစ်မျိုးထဲနဲ့ လုပ်ထားတာပါ

ဆီပူပူထဲ သကြားထည့်ပြီးမွှေ
အညိုရောင်အမြှုပ်ထလာရင် ဝက်သားထည့်
အရောင်တက်လာအောင်
၃မိနစ်ခန့် မွှေပေးပါ ပြီးမှ ရေ ဆနွင်းနည်းနည်း
ဆား ကြက်သားမှုန့် ကြက်သွန်နီလေးစိတ် စိတ်
ကြက်သွန်ဖြူ အခွံခွာပြီး ဥလိုက်
နာနတ်ပွင့် သကြား ထည့်ပြီး ချက်ပါတယ်
ရေခမ်းရင် ရေထပ်ထည့်ပြီး နူးအိနေတဲ့ထိချက်ပါ

အီလည်လည်အမွှေးနံ့ မကြိုက်ရင်
နာနတ်ပွင့် မထည့်ပါနဲ့ ရှင့်

image