14 ပတ် - ဘာသာပြန်ပါ။

US plane collision
အမေရိကန်ပြည်ထောင်စုမှာ ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါလာတဲ့ ခရီးသည်တင်လေယာဉ်ဟာ ဗုဒ္ဓဟူးနေ့ည ၉ နာရီဝန်းကျင်မှာ ဝါရှင်တန်မြို့တော် ရော်နယ်ရေဂင် အမျိုးသားလေဆိပ်မှာ ဆင်းသက်နေစဉ် စစ်ရဟတ်ယာဉ်နဲ့ တိုက်မိခဲ့တာကြောင့် အောက်ကမြစ်ထဲ ပြုတ်ကျပြီး ပိုတိုမက်မြစ်ထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေရပါတယ်။ ချမ်းအေးတဲ့ရာသီကြောင့် မြစ်ရေအပူချိန် ၁ ဒီကရီ ဆဲလ်စီးယက်စ်ကျော်ပဲ ရှိပြီး အသက်ရှင်ကျန်ရစ်သူကို ရှာတွေ့မလားဆိုပြီး ရှာဖွေကယ်ဆယ်ရေး ဒေသတွင်း လုံခြုံရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အချိန်နဲ့အမျှ ပူးပေါင်းဆောင်ရွတ်နေကြတာပါ။ အမေရိကန်လေကြောင်းလိုင်းက ထုတ်ပြန်ချက်တစ်ခုမှာ ကန်းဆက်စ်ပြည်နယ် ဝှစ်ချီတာမြို့ကနေ ရေဂင်အမျိုးသားလေဆိပ်ကို ပျံသန်းလာတဲ့ American Eagle လေကြောင်းလိုင်း ခရီးစဉ် ၅၃၄၂ မှာ ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါလာကြောင်း ဖော်ပြထားပါတယ်။ ဒီလေယာဉ်ဟာ CRJ-700 အမျိုးအစား ဖြစ်ပါတယ်။ Blackhawk စစ်ရဟတ်ယာဉ်ကတော့ လေ့ကျင့်ရေးခရီးစဉ် ပျံသန်းမှုဖြစ်ပြီး စစ်အမှုထမ်း ၃ ဦး လိုက်ပါလာတယ်လို့ ပန်တာဂွန်စစ်ဌာနချုပ်က အတည်ပြုပါတယ်။ ရော်နယ်ရေဂင်လေဆိပ်ဟာ ပန်တာဂွန်စစ်ဌာနချုပ်နဲ့ ကပ်ရက်လောက်အနေအထားမှာ တည်ရှိပြီး အခင်းဖြစ်ပွားတဲ့ ကောင်းကင်မှာ လေယာဉ်တွေ ရဟတ်ယာဉ်တွေ အတက်အဆင်းအထူးများပြားပါတယ်။ ဒါပေမဲ့ ဒီလို လေယာဉ်မတော်တဆမှုက မရှိသလောက်ရှားပါးတယ်လို့ လေကြောင်းထိန်းသိမ်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။