Breaking News---
အမေရိကန်မှာ ခရီးသည်တင်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်ဝင်တိုက်မှု ဖြစ်ပွား၊ အသေအပျောက် မသိရသေး
ဝါရှင်တန်၊ ဇန်နဝါရီ ၃၀
အမေရိကန်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစင်းနဲ့ စစ်တပ် ရဟတ်ယာဉ်တစင်းတို့ ဝါရှင်တန်ဒီစီမှာ ဒီကနေ့တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန်လေကြောင်း အာဏာပိုင်တွေက အတည်ပြုပြောကြားပါတယ်။
ဒီမတော်တဆမှုဟာ ဝါရှင်တန်ဒီစီကို ဖြတ်သွားတဲ့ ပိုတိုမက်မြစ်ပေါ်မှာ ဖြစ်ပွားခဲ့တာလို့ မီးသတ်ဌာနက ဆိုပါတယ်။ ခရီးသည်တင်လေယာဉ်ပေါ်မှာ ခရီးသည် ၆၀ နဲ့အမှုထမ်းလေးယောက် ပါဝင်ပြီး စစ်ရဟတ်ယာဉ်ပေါ်မှာတော့ တပ်ဖွဲ့ဝင် သုံးယောက်ပါတယ်လို့ ပြောပါတယ်။
ရေငုပ်သမားနဲ့ ကယ်ဆယ်ရေးစက်လှေတွေဟာ အခင်းဖြစ်ရာမြစ်ထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို အပူတပြင်း ရှာဖွေနေကြပါတယ်။ မတော်တဆမှုဟာ ဒေသစံတော်ချိန်ည ၉ နာရီမှာ ရေဂင်ဝါရှင်တန်လေဆိပ်ရှိ ပြေးလမ်း ၃၃ ကို ချဉ်းကပ်စဉ်မှာ ဖြစ်ပွားခဲ့တာပါ။
လူအသေပျောက်နဲ့ ထိခိုက်ဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ အသေးစိတ် မသိရသေးပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တော့ အလွန်ဆိုးရွားတဲ့ မတော်တဆမှုအတွက် တုန်လှုပ်ရကြောင်းနဲ့ ကယ်ဆယ်ရေးသမားတွေရဲ့ အားထုတ်မှုတွေအရှိန်မြှင့်ဖို့ ညွှန်ကြားထားပါတယ်။ လူလေးယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့လည်း သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။
Ref:BBC
Photo:Reuters
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး


