ထိုင်း(၅)ဦးအပါအဝင် ဓားစာခံ(၈)ဦးကို ဟားမာ့စ် လွှတ်ပေးရန်ရှိ
---------------------
ဟားမာ့စ်အဖွဲ့ဟာ ဂါဇာဒေသကနေ အစ္စရေး ဓားစာခံ(၃)ယောက်နဲ့ ထိုင်းလူမျိုး ဓားစာခံ(၅)ယောက်ကို ကြာသပတေးနေ့မှာ လွှတ်ပေးဖို့ရှိနေတယ်လို့ အစ္စရေးဘက်က ပြောလိုက်ပါတယ်။ အဲဒီလွှတ်ပေးမဲ့ ဓားစာခံ တွေထဲမှာ အမျိုးသမီးနှစ်ယောက်ရဲ့ အမည်စာရင်းကို ဟားမာ့စ်အဖွဲ့က ထုတ်ပြောထားပြီး သူတို့ဟာ အရပ်သာ အသက် ၂၉ နှစ်အရွယ် အာဘဲလ် ယဲဟွတ် နဲ့ အသက် ၂၀ အရွယ် စစ်ဖက်အရန်တပ်ဖွဲ့ဝင် အဂမ်ဘာဂါ တို့ ဖြစ်ပါ တယ်။
အဲဒီ ဓားစာခံတွေ လွှတ်ပေးမှု ပြီးမြောက်ရင် ဒါဟာ ဂါဇာ အပစ်ရပ်သဘောတူညီမှုအရ ဖော်ဆောင်တဲ့ သုံးကြိမ် မြောက် ဓားစာခံလွှတ်ပေးမှုလည်း ဖြစ်လာမှာပါ။ အခုပြန်လွှတ်ပေးမဲ့ အစ္စရေး ဓားစာခံ(၃)ယောက်အတွက် အလှဲအလှယ်အဖြစ် အစ္စရေးထောင်တွေကနေ ပါလက်စတိုင်း အကျဉ်းသား(၁၁၀)လည်း လွတ်မြောက်လာဖို့ ရှိနေပါတယ်။ ထိုင်းဓားစာခံတွေရဲ့ နာမည်တွေကိုတော့ မသိရသေးပါဘူး။
အဲဒီထိုင်းဓားစာခံတွေကို လွှတ်ပေးတာကတော့ ဟားမာ့စ်အဖွဲ့ရဲ့ သီးခြားဆုံးဖြတ်ချက်ဖြစ်နိုင်ပြီး သဘောတူညီ မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လွှတ်ပေးတာမျိုး မဖြစ်နိုင်ဘူးလို့ ယူဆမှုတွေ ရှိနေပါတယ်။ ထိုင်းအစိုးရကတော့ သူ့နိုင်ငံသား(၆)ယောက်ဟာ ဂါဇာဒေသမှာ ဓားစာခံတွေအဖြစ် ပြန်ပေးဆွဲ ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း ပြောထားပါတယ်။ အမျိုးသား ဓားစာခံ (၃)ယောက်ကို လွှတ်ပေးမဲ့ လေးကြိမ်မြောက် ဓားစာခံလဲလှယ်မှုဟာ လာမဲ့ စနေနေ့မှာ ဖြစ်ပေါ်ဖို့ရှိနေကြောင်းလည်း အစ္စရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
