လသာမြို့နယ်ရှိ ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် ရှစ်ခိုးဆုတောင်းသူများဖြင့်အလွန်စည်ကား
ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ စဥ့်အိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် ယနေ့ ဇန်နဝါရီ ၂၉ ရက် တရုတ်နှစ်သစ်ကူးနေ့၌ နံနက်ပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ လာရောက်ရှစ်ခိုးဆုတောင်းသူများဖြင့် အလွန်စည်ကားလျက်ရှိသည်။
အဆိုပါ ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသို့ လာရောက်ရှစ်ခိုးဆုတောင်းသူအလွန်များပြားသဖြင့် ကမ်းနားလမ်းမှ ဘုရားကျောင်းအနီးတစ်ဝိုက်အထိ ကားများပိတ်နေကာ ဘုရားကျောင်းတွင်လည်း မီးပုံးများ၊ မီးဆိုင်းများထွန်းညှိထားသည်။
