14 ပတ် - ဘာသာပြန်ပါ။

ပြည်ပမှတင်သွင်းသည့် ဘိလပ်မြေများ ဖေဖော်ဝါရီလတွင် ရောက်ရှိမည်

ပြည်တွင်း၌ လိုအပ်သည့် ဘိလပ်မြေများကို ပြည်ပမှတင်သွင်းရာတွင် လာမည့်ဖေဖော်ဝါရီလ၌ ရောက်ရှိမည်ဖြစ်ကြောင်း ဘိလပ်မြေတင်သွင်းခွင့်ဆိုင်ရာ တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်းတွင် ယခုပွင့်လင်းရာသီချိန်၌ ဆောက်လုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ဘိလပ်မြေလိုအပ်ချက်ကို ပြည်တွင်းဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်မှုများအပြင် ပြည်ပမှ ဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှ အားဖြည့်တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါပြည်ပဘိလပ်မြေများသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘိလပ်မြေ စက်ရုံ (၁၉)ရုံ ရှိပြီး ယင်းစက်ရုံများမှ ဘိလပ်မြေထုတ်လုပ်လျက်ရှိသည့်အတွက် ပြည်ပမှတင်သွင်းမှုအထိုက်အလျောက်လျော့ကျခဲ့ကြောင်း သိရသည်။

ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးလိုသည့် ဘိလပ်မြေကို တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။