ဝါရှင်တန်တွင် ခရီးသည်လေယာဉ်နှင့် စစ်ရဟတ်ယာဉ် တိုက်မိ
------------------------
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာရှိတဲ့ ရီဂင် အမျိုးသားလေဆိပ်အနီးမှာ ဗုဒ္ဓဟူးနေ့က အမေရိကန် ဘလက် ဟော့ခ် စစ်ရဟတ်ယာဉ်နဲ့ ခရီးသည်တင် လေယာဉ်တစ်စင်း ဝေဟင်မှာ တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ ဖယ်ဒရယ် လေကြောင်း အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးတာဝန်ရှိတွေက ပြောပါတယ်။
ခရီးသည်တင်လေယာဉ်ဟာ လေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းကို ဆင်းသက်ဖို့ ချဉ်းကပ်လာချိန်မှာ အခုလို စစ်ရ ဟတ်ယာဉ်နဲ့ တိုက်မိခဲ့တာပါ။ လတ်တလောမှာ ထိခိုက်သေဆုံးမှုကို မသိရသေးပါဘူး။ အဲဒီခရီးသည်တင် လေ ယာဉ်ဟာ လေကြောင်းအမှတ် ၅၃၄၂ ဖြစ်ပြီး ကန်ဆပ်စ် ပြည်နယ် ဝီချစ်တာ ကနေ ထွက်ခွာလာခဲ့တဲ့ လေယာဉ် ဖြစ်တယ်လို့ လေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အိမ်ဖြူတော်ကလည်း အဲဒီမတော်တဆဖြစ်စဉ်မှာ စစ်ရဟတ်ယာဉ်တစ်စင်းလည်း ပါဝင်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။
ဒီဖြစ်စဉ်ကြောင့် ရီဂင် အမျိုးသားလေဆိပ်မှာ လေယာဉ် အတက်အဆင်း အားလုံးကို ရပ်နားထားလိုက်ရပြီး အရေး ပေါ်ကယ်ဆယ်ရေးသမားတွေက လေယဉ်မတော်တဆဖြစ်စဉ်ကိုသွားရောက်ပြီး ကယ်ဆယ်တုံ့ပြန်ရေးလုပ်ငန်း တွေ ဆောင်ရွက်နေပါတယ်။ လေဆိပ် ပင်မအဆောက်အဦကိုတော့ ဆက်လက် ဖွင့်ထားဆဲဖြစ်တယ်လို့ ရီဂင် အမျိုးသားလေဆိပ်က ထုတ်ပြန်ထားပါတယ်။
