14 w - Translate

ChatGPT ထက် လူသုံးပိုများလာတဲ့ တရုတ်ထုတ် DeepSeek
====================================
အမေရိကန် ကုမ္ပဏီတွေ ကြီးစိုးနေတဲ့ AI လောကကို တရုတ်က အမှီလိုက်လာပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်ကမှ ထွက်ထားတဲ့ တရုတ် ကုမ္ပဏီထုတ် DeepSeek ဟာ Apple App Store မှာ ChatGPT ထက် လူသုံးပိုများလာပါတယ်။ အကောင်းဆုံး အခမဲ့ App စာရင်းမှာ ထိပ်ဆုံးနေရာကို ရောက်လာပါတယ်။
AI ကို Train လုပ်ရတာ ဒေါ်လာ ဘီလီယမ်နဲ့ချီပြီး ကုန်ကျပါတယ်။ DeepSeek ကို ဒေါ်လာ ၆ သန်းနဲ့ Train ခဲ့တာလို့ တီထွင်ထားသူတွေက ပြောတဲ့အတွက် ကုန်ကျစားရိတ်တော်တော်သက်သာပါတယ်။ တီထွင်သူတွေက DeepSeek ကို DeepSeek V3 Model က မောင်းနှင်ထားတာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ Model ကို လေ့ကျင့်သင်ကြားဖို့ Nvidia H800 Chip ကို အသုံးပြုထားတယ်လို့ ပြောပါတယ်။
အမေရိကန် အစိုးရဟာ အဆင့်မြင့် AI Chip တွေကို တရုတ်ကို မရောင်းချဖို့ ပိတ်ပင်မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီကြားထဲကပဲ တရုတ် AI တွေဟာ ခေါင်းထောင်ထလာကြပါတယ်။ AI ပြိုင်ပွဲမှာ အမေရိကန်နဲ့ တရုတ်တို့ ဘယ်သူ သာသွားမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

image