Part-4
*ဆရာနိုး အမှတ်တရ
ဆရာနိုးနှင့် မှတ်မှတ်ရရ အတူအလုပ်လုပ်ရသော ကိစ္စတစ်ခုရှိသည်။ ထိုစဉ် က “ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန`အောက်ရှိ ဆက်သွယ်ရေး ဦးစီးဌာနတွင် ကွန်ပျူတာ မဟာဘွဲ့ ရလူငယ်များပါဝင်သော မြန်မာဘာသာစကား လေ့လာရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပြီး စကားဘာသာပြန်စီမံချက်ကို အကောင် အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိရာ ထိုအဖွဲ့ကဖိတ်ကြားသည့်အတွက် ကျွန်တော်က မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများကို ဘာသာဗေဒအမြင်ဖြင့် ရှုမြင်ပုံ များကို တစ်ပတ်တစ်ရက် ပို့ချပေးရသည်။ ဆရာနိုးက အင်္ဂလိပ်စာ ပို့ချပေးသည်။ နှစ်နှစ်လောက်ပို့ချပြီး တော်တော်ခရီးရောက်မှ အကြောင်းကြောင်းကြောင့် ထိုအဖွဲ့ ရပ်စဲသွားသဖြင့် နှမြောနေမိကြသည်။
ဆရာနိုးနှင့် နောက်ဆုံးတွေ့ ရသည်ကတော့ သူတသက်တာစာပေဆုရသည့် အတွက် ဆုပေးပွဲကိုတက်ရောက်စဉ်ကဖြစ်သည်။ ဆရာ့ဇနီးလည်း အတူပါလာ သည်။ ဆရာနိုးမှာ ကျန်းမာရေးကောင်းပုံမရပါ။ ကျေးဇူးတင်စကားပြောရာတွင် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေသည့်အတွက် ဇနီးက နောက်ကနေပြီး ထောက်ပေးနေရ သည်။ မကွယ်လွန်မီ နောက်ဆုံးတွေ့ ရခြင်းဖြစ်သည်။
ကျွန်တော် ဘာသာဗေဒအကြောင်းများ ရေးနေသည်ကို ဆရာနိုး ဂရုပြုမိပုံ ရသည်။ သူ့ ‘ဘာသာဗေဒအခြေပြ’စာအုပ်ထွက်တော့ စာအုပ်ကို လက်မှတ်ထိုးပြီး ကျွန်တော့်ဆီ လက်ဆောင်ပို့ပေးသည်။
#ဆက်ရန်ရှိ