DeepSeek_နဲ့ပတ်သက်လို့_သမ္မတထရမ့်ပြောပုံ
အနာဂတ် သမ္မတတွေအနေနဲ့ ထိန်းချုပ်မှုမရှိတဲ့ စည်းမျဉ်းတွေနဲ့ ကျုပ်တို့ရဲ့ စီးပွားရေးကို ဖျက်ဆီးတာမျိုး မဖြစ်စေချင်ပါဘူး။ ပြီးခဲ့တဲ့ ဒီမိုကရက် သမ္မတနှစ်ယောက် ရူးရူးနှမ်းနှမ်း လုပ်ခဲ့သလိုပေါ့။
ပြီးခဲ့တဲ့ အပတ်ကပဲ ဂျိုးဘိုင်ဒင်ရဲ့ ဉာဏ်ရည်တုကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ စည်းမျဉ်းတွေကို ရုပ်သိမ်းဖို့ အမိန့်ကို ကျုပ် လက်မှတ်ထိုးခဲ့တယ်။ ဒီတော့ ဒီနေ့ AI ကုမ္ပဏီတွေဟာ အကောင်းဆုံးဖြစ်ဖို့ကိုပဲ ပြန် အာရုံစိုက်နိုင်ရုံမက အများဆုံး နိုးကြားနေသူတွေလည်း ဖြစ်နိုင်ပြီပေါ့၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရုတ်နိုင်ငံနဲ့ တရုတ်ကုမ္ပဏီတစ်ချို့အကြောင်း ဖတ်မိတယ်။ အထူးသဖြင့် AI အတွက် ပိုမြန်တဲ့နည်းလမ်းနဲ့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ရသတဲ့။
ဒါ ကောင်းတာပဲ။ ဘာလို့လဲ ဆိုတော့ ငွေတွေအများကြီး သုံးစရာ မလိုဘူးလေ၊ ကျုပ်အမြင်ကတော့ ကောင်းတယ်လို့ ထင်တယ် တကယ်ကို အဲဒီလိုထင်တာ။ တရုတ်တွေလုပ်တာ မှန်တယ်လို့ ဘယ်သူမှ မထင်ကြဘူး။ ဒါပေမဲ့ ကျုပ်ကတော့ အပြုသဘောလို့ ထင်တယ် ဘာလို့လဲ ဆိုတော့ ခင်ဗျားတို့လည်း ဒါကိုလုပ်ရင်း ငွေတွေအများကြီး မသုံးသင့်ဘူးလို့ ထင်တယ်။ ထွက်လာတဲ့ရလာဒ်က မှန်းခြေအားဖြင့် အတူတူဖြစ်နေတယ်လေ။
တရုတ်ကုမ္ပဏီတစ်ခုက DeepSeek AI ကို ထုတ်လုပ်ခဲ့တာဟာ ကမ္ဘာ့အကောင်းဆုံး သိပ္ပံပညာရှင်တွေ ရှိနေတဲ့ ကျုပ်တို့အနေနဲ့ ပြိုင်ဘက်ကို အလေးထားပြီး အနိုင်ယူဖို့ လိုအပ်နေတယ်လို့ ကျုပ်တို့လုပ်ငန်းတွေအတွက် သတိပေးချက်တစ်ခု ဖြစ်သင့်ပါတယ်။ တရုတ်ခေါင်းဆောင်တွေကတောင် ကျုပ်တို့မှာ ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင်တွေ ရှိတယ်လို့တောင် ကျုပ်ကို ပြောခဲ့ကြပါတယ်- ဆီယဲ့တဲလ်နဲ့ တခြားနေရာအများကြီးမှာ ဆီလီကွန်တောင်ကြားမှာ အဲဒီလို့ သူတို့က ပြောခဲ့ကြတယ်။ ဒီလို ပညာရှင်မျိုးတွေ တခြားမှာမရှိဘူး ပြောခဲ့ကြပါတယ်။ အခု ဒီသတင်းကြားရတာ အတော်လေး ထူးဆန်းပါတယ်။ DeepSeek သတင်း ကြားရတဲ့အခါမှာပေါ့- တစ်စုံတရာပေါ့ အတွေးအခေါ်တစ်ခုခုနဲ့ တစ်ယောက်ယောက် အတူထွက်လာတာကို ကြားရတဲ့အခါတိုင်း အမြဲတမ်းလိုလို အမေရိကန်က ပထမ ဖြစ်တတ်ပါတယ်။
ဒီတော့ ဒါဟာ အလွန်ကို အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခုလို့ ကျုပ် ပြောချင်ပါတယ်။ ဒီတော့ ပိုက်ဆံတွေ သန်းထောင်ချီပြီးသုံးမယ့်အစား လျှော့သုံးပြီး အလားတူအဖြေကိုပဲ ရမယ်လို့ ကျုပ် မျှော်လင့်ပါတယ်။