ဆိုးလ်ရှားအနေနဲ့ဘက်ဆီတပ်စ်အသင်းကို ၁၈ လတာ ဝင်ရောက်ကိုင်တွယ်ခဲ့ပြီးနောက်ကလပ်အသင်းဘုတ်အဖွဲ့အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်ကစားသမားဟောင်း ကက်စမဲရိုးကိုအသင်းဆီခေါ်ယူချင်နေပါတယ်။
ကက်စမဲရိုးအနေနဲ့အသင်းကိုအရင်ကထက်ပိုမာကျောအောင်လုပ်ပေးနိုင်လိမ့်မယ်ဆိုတာယုံကြည်နေတာကြောင့်ပါလို့ စပိန်နာမည်ကြီးသတင်းကဖော်ပြခဲ့ပါတယ်။
ဘက်ဆီတပ်စ်အသင်းအနေနဲ့ ဒီဇန်နဝါရီကာလမှာမန်ယူအသင်းနဲ့ဆွေးနွေးမှုစတင်နေပြီး သရဲနီအသင်းအနေနဲ့လည်း ကက်စမဲရိုးဟာ ပေါ်တူဂီသားနည်းပြရူဘင်အာမိုရင်လက်ထက်မှာအဓိကကစားသမားမဟုတ်တာကြောင့်အသင်းကနေလက်လွှတ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။
ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ ဒုတိယအကြိမ်စျေးကွက်စတင်ကတည်းကအသင်းပြောင်းရွှေ့ဖို့သတင်းတွေထွက်ပေါ်နေပြီးဘက်ဆီတပ်စ်အသင်းကလည်းကက်စမဲရိုးကိုအသင်းဆီခေါ်ယူချင်နေတာဖြစ်ပါတယ်။ဆော်ဒီအာရေဗျကလပ်အသင်းတွေအနေနဲ့လည်း ကစားသမားကိုအသင်းဆီခေါ်ယူချင်နေတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
