14 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ်အသင်းဟာ ရိုစင်ဘော့အသင်းရဲ့နော်ဝေလူငယ်ကွင်းလယ်ကစားသမား စဗဲလ်နီပန်ကိုအသင်းဆီ ခေါ်ယူဖို့ရေပန်းစားနေတဲ့အသင်းဖြစ်လာခဲ့ပြီးပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်အက်စတွန်ဗီလာအသင်းကလည်းစိတ်ဝင်စားမှုရှိနေတယ်လို့ နော်ဝေသတင်း VG ကသတင်းဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီဇန်နဝါရီကစားသမားအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားဝယ်ယူမရနိုင်သေးဘဲ ဂန်းနားအသင်းအနေနဲ့ ဒဏ်ရာပြသနာတွေကြောင့် ဘူခါယိုဆာကာနဲ့ဂါဘရီရယ်ဂျီးဆပ်စ်ကိုအသုံးမပြုနိုင်တဲ့လက်ရှိအသင်းအနေအထားကိုသုံးသပ်ကြည့်ရတဲ့အခါမှာတော့ ထူးဆန်းစရာဖြစ်တယ်လို့ယူဆရပါတယ်။

လက်ရှိမှာတော့အာဆင်နယ်အသင်းဟာ စဗဲလ်နီပန်ကိုအသင်းဆီခေါ်ယူဖို့ရေပန်းစားနေတဲ့အသင်းဖြစ်ပြီး အဆိုပါကစားသမားကလည်း လက်ရွေးစင်အသင်းဖော်မာလ်တင်အိုဒီဂတ်ဆီကနေသင်ယူလေ့လာနိုင်တာကြောင့် ဂန်းနားအသင်းအတွက်သင့်တော်မှုရှိတယ်လို့ VG သတင်းကဖော်ပြခဲ့ပါတယ်။

စဗဲလ်နီပန်ဟာ မန်ချက်စတာမှာ ရုပ်ထွက်ပြခဲ့ပြီး မန်ချက်စတာစီးတီးအသင်းက ချဲလ်ဆီအသင်းကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့စနေနေ့တုန်းကပွဲစဉ်ကိုဝင်ရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း အဆိုပါအသက် ၁၈ နှစ်အရွယ်ကစားသမားအနေနဲ့ ပပ်ဂွာဒီယိုလာရဲ့အသင်းအစီအစဉ်တွေမှာမရှိဘူးလို့ VG သတင်းကထောက်ပြဖော်ပြခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image