မလေးရှားမှာ အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ နားရွက်ကို မြင်းကိုက်ခံရ

ဇန်နဝါရီ ၂၉

မလေးရှားနိုင်ငံ၊ မြို့တော်ကွာလာလမ်ပူမှ (၆၅)ကီလိုမီတာအကွာ၊ ဆီရမ်ဘန်ရှိ စိုက်ပျိုးရေးခြံတစ်ခုမှာ မိသားစုတစ်စုဟာ အားလပ်ရက်အပန်းဖြေလာရင်း ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး နားရွက်ကို မြင်းကိုက်ခံလိုက်ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ဇန်နဝါရီလ ၁၉ ရက်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မလေးရှားမီဒီယာက ဇန်နဝါရီ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဖခင်ဖြစ်သူ မစ္စတာဆူဟိုင်မီမိုရာဖီ (၃၁ နှစ်) က ၎င်းနဲ့ ၎င်းရဲ့မိသားစုဟာ မြင်းတင်းကုပ်တွေဆီ လည်ပတ်နေတုန်း အော်တစ်ဇင် ဖြစ်နေတဲ့ သူ့သားငယ်ဟာ အခကြေးငွေပေးပြီး မြင်းစီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် မြင်းတင်းကုပ်ရဲ့ ခြံစည်း ရိုးခတ်ထားတဲ့ ဧရိယာမှာ မိသားစုနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သူရဲ့ (၆)နှစ်အရွယ် သားငယ်ဟာ နားရွက်ကို မြင်းကိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ကလေးကို ပုဂ္ဂလိကဆေးရုံတစ်ခုဆီ ပို့ဆောင်ခဲ့ရပြီး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရကာ သုံးရက်အကြာမှာတော့ ကလေးဟာ ဆေးရုံမှ ဆင်းနိုင်ခဲ့ပါတယ်။

ဒီအတွက် စိုက်ပျိုးရေးခြံကို လျော်ကြေးအဖြစ် ရင်းဂစ် (၅,၀၀၀)တောင်းခံခဲ့ပေမယ့် ခြံက ရင်းဂစ် (၅၀၀)သာ ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image