14 w - Translate

နောက်ခံလူ စကယ်လီအတွက် အာဆင်နယ်အယူခံ အောင်မြင်
......................
အာဆင်နယ်အသင်းဟာ လူငယ်နောက်ခံလူ လီဝစ်စကယ်လီရဲ့ အနီကတ်ပြစ်ဒဏ် ကို အယူခံဝင်ခဲ့ရာမှာ အောင်မြင်မှုရခဲ့တယ်လို့ သိရပါတယ်။

ဝုဗ်အသင်းနဲ့ပွဲမှာ ‌စကယ်လီဟာ အနီကတ်ပြသခံခဲ့ရတာဖြစ်ပြီး ၃ ပွဲပယ်ခံရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းဘက်က စကယ်လီရဲ့ အနီကတ်က ပြင်းထန်လွန်း တာကြောင့်အယူခံဝင်ခဲ့တာဖြစ်ပြီး အခုချိန်မှာ အယူခံအောင်မြင်ခဲ့လို့ စကယ်လီအနေနဲ့ ပွဲပယ်ခံရတော့မှာမဟုတ်ပါဘူး။

အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်အတွက် ဝမ်းသာမိတယ်လို့ အာဆင်နယ်နည်းပြ အာတီတာကပြောပါတယ်။ အခုလို စကယ်လီ ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်သွားတဲ့အတွက် အာဆင်နယ် အသင်းအနေနဲ့ ခံစစ်အတွက်ရွေးချယ်စရာပိုရှိသွားခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အခုညမှာ ဂျီရိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကစားဖို့ရှိသလိုလာမယ့် တနင်္ဂ‌နွေညမှာ မန်စီးတီး အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကစားဖို့ရှိနေပါတယ်။

နည်းပြ အာတီတာကတော့ မန်စီးတီးနဲ့ပွဲက အသင်းအတွက်ပိုအရေးပါတာမှန်ပေမဲ့ ပွဲစဉ်တိုင်းကို အာရုံစိုက်ပြင်ဆင်သွားမယ်လို့ ဂျီရိုနာအသင်းနဲ့ပွဲမတိုင်ခင်မှာ ပြောကြားထားပါတယ်။

image