22 ပတ် - ဘာသာပြန်ပါ။

နိုက်တင်ဂေးငှက်လို အသံထွက်တဲ့ ဂျပန်နိုင်ငံက ထူးခြားကြမ်းပြင်များ။

အိမ်များစွာအတွက် ကြမ်းပြင်များဟာ အိမ်ကျက်သရေရှိမှုရဲ့ တစိတ်တပိုင်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဂျပန်နိုင်ငံက ရိုးရာကြမ်းပြင်တွေကတော့ ညဉ့်နက်ပိုင်းမှာ အပြင်ခိုးထွက်ဖို့ မျှော်လင့်နေတဲ့ ဆယ်ကျော်သက်များနဲ့ သူခိုးတို့အတွက်တော့ စိတ်အနှောင့်အယှက် ဆိုးဆိုးရွားရွားဖြစ်စေမှာပါ။

၁၇ ရာစုလောက်ကတည်း ဂျပန် လူနေအိမ် အချို့မှာ ကျူးကျော် ဝင်ရောက်သူများကို အိမ်အထဲသို့ ခိုးဝင်ရာမှာ ပိုမိုခက်ခဲစေရန် ရည်ရွယ်ချက်မျိုးဖြင့် ကြမ်းပြင်များကို အသံမြည်တဲ့စနစ်နဲ့ တပ်ဆင်ခဲ့ကြတာပါ။

၎င်းကြမ်းပြင်များကို uguisubari သို့မဟုတ် nightingale ကြမ်းပြင်များလို့ ခေါ်ဆိုကြပြီး

မည်သူမဆို ကြမ်းပေါ်ခြေချတဲ့အခါတိုင်း ထူးခြားတဲ့ နိုက်တင်ဂေးငှက်တစ်ကောင်ရဲ့ အော်ဟစ်သံကို ကြားရမှာပါ။

ဒါဟာ ဂျပန်တို့ရဲ့ ရိုးရာလမ်းစဥ်ဖြစ်ပြီး လိမ္မာပါးနပ်တဲ့ ဆောက်လုပ်ရေးပရိယာယ်လို့ ဆိုနိုင်ပါတယ်။

ကြမ်းပြင်တွေဟာ ဂျပန်အိမ်အချို့အတွင်း အချက်ပေးစနစ်တစ်မျိုး အဖြစ် လုပ်ဆောင်ကြပြီး

အသွင်အပြင်အားဖြင့်လည်း အံဝင်ခွင်ကျတဲ့ အနုပညာလက်ရာများနဲ့ ဆန့်ကျင်ဘက်ဖြစ်ပုံရပါတယ်။

ကျိုတိုအတွင်း ဧည့်သည်များအနေနဲ့ Nijo ရဲတိုက်နဲ့ Toji-in ဘုရားကျောင်းရှိ ကြမ်းပြင်များပေါ်မှာ တိတ်တဆိတ် ခြေနေဖို့ရာ အတတ်နိုင်ဆုံး ကြိုးစားကြရပါတယ်။

သို့ရာမှာ ကြမ်းပြင်ရဲ့ ပါးနပ်တဲ့ ဒီဇိုင်းဟာ ခြေလှမ်းများ ပိုမိုပေါ့ပါးလာတာနဲ့အမျှ နိုက်တင်ဂေးတို့ရဲ့ "တေးဆိုသံ" လို အသံပိုပေးနိုင်လေ့ရှိပါတယ်။

ကြမ်းပြင်တွေဟာ အခြားအထပ်တွေလိုပဲ သစ်သားပြားများဖြင့် ဘုံအုတ်တံတိုင်းတစ်ခုစီအတွင်း ခင်းကျင်းထားလျက်ရှိပါတယ်။

သို့သော် ကြမ်းခင်းပျဉ်ပြားများကို ခိုင်မြဲစွာ ကပ်လိုက်မယ့်အစား ဂျပန် ဗိသုကာပညာရှင်တို့က ပျဉ်များကို အနည်းငယ် ချောင်ကျန်နေစေခဲ့ပါတယ်။

ဒါကြောင့်လည်း လူ့ခြေသံများ သက်ရောက်ပြီး ဖိအားများထွက်လာတာနဲ့အမျှ တစ်လက်မရဲ့ အပေါ်နဲ့ အောက်ဘက်သို့ ကြမ်းခင်းတွေက ရွေ့သွားနိုင်တာပါ။

ပျဉ်ပြားရွေ့သွားချိန်မှာတော့ သတ္တုကုပ်တစ်ခုစီက ပျဉ်ပြားတခုစီရဲ့ အောက်ခြေအတွင်း ကပ်ထားတဲ့ ကုပ်နဲ့ သံချောင်းကို ပွတ်တိုက်စေသလိုဖြစ်ပြီး ထူးခြားတဲ့ ငှက်အော်သံမျိုးကို ဖန်တီးပေးပါတယ်။

ပထမကတော့ နိုက်တင်ဂေးကြမ်းပြင်များကို စိတ်ကူးပေါက်ပြီး ပြုလုပ်ထားခဲ့ကြတာမျိုး မဟုတ်ပါဘူး။

ကြမ်းပြင်ရဲ့သဘောအရ အိမ်ရဲ့သဘာဝအတိုင်း နေထိုင်မှုကြာလာပြီး အိုမင်းဟောင်းနွမ်းလာတဲ့အခါ အသံထွက်လာမှာ အသေအချာပါပဲ။

ဒီမှအစပြုလို့ လူတွေက အသံကြားနိုင်တဲ့ သတိပေးချက်တွေရဲ့ တန်ဖိုးကို နားလည်လာတဲ့အခါ အသံထွက်နိုင်ဖို့အတွက် ကြမ်းပြင်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စတင်တည်ဆောက်ခဲ့ကြပါတော့တယ်။

ဒါကြောင့် ဂျပန်ရိုးရာ ကြမ်းခင်းတွေဟာ သမိုင်းတစ်လျှောက် ကံကြမ္မာအနည်းငယ် (အသက်ပေါင်းများစွာ) ကို ကယ်တင်နိုင်ခဲ့တဲ့ ထူးခြားအင်္ဂါရပ်တခုလည်း ဖြစ်ပါတယ်။

ကုပ်များတပ်ဆင်ခြင်းဟာ စျေးကြီးသလို သာမန်အသံတိတ် သစ်သားကြမ်းပြင်တို့ထက်လည်း များစွာ ပိုမိုရှုပ်ထွေးပါတယ်။

ဒါကြောင့် မင်းမျိုးမင်းနွယ်များနဲ့ အမှန်တကယ်ချမ်းသာသူများ (သို့မဟုတ် အကြောက်လွန်ရောဂါ ဖြစ်ကောင်းဖြစ်နိုင်သည်) ကသာ ၎င်းတို့အိမ်အတွင်း အခုလို ကြမ်းပြင်များ ထားရှိနိုင်တာပါ။

ဖြစ်နိုင်ချေရှိတဲ့ လုပ်ကြံသတ်ဖြတ်သူ သို့မဟုတ် ဓားပြတွေအဖြစ် ဘယ်သူကမှ အထင်မလွဲခံချင်ကြပါဘူး။

ဒါကြောင့်လည်း တော်ဝင်နန်းတော်များမှာတော့ လက်နက်ကိုင်အစောင့်တစ်ဦးက ထိုနေရာ၌ရှိနေကြောင်း အခြားသူများအား ညွှန်ပြနိုင်ဖို့ လေ့ကျင့်ခဲ့ရကြရပါတယ်။

လေ့ကျင့်ရတာကလည်း သိပ်တော့မလွယ်လှပါဘူး။
အဆိုပါ အစောင့်ဟာ ဒီကြမ်းခင်းမှာ တိကျတဲ့ စည်းချက်အတိုင်း လျှောက်လှမ်းဖို့ ကြိမ်ဖန်ဖျားစွာ လေ့ကျင့်ထားခဲ့ရမှာပါ။

ဒါကြောင့် ဂျပန်တို့ရဲ့ ဆန်းသစ်တီထွင်မှုတွေက အမြဲ စိတ်ဝင်စားဖို့ကောင်းနေခဲ့တာပါ။

ဗဟုသုတအနေနဲ့ နိုက်တင်ဂေးကြမ်းပြင်များဟာ ၁၇ ရာစုမှစလို့ ခိုးဆိုးလုနှိုက်နေတဲ့ နင်ဂျာများအတွက် ထိရောက်တဲ့ ကာကွယ်မှုတစ်ခုအဖြစ် တီထွင်ဖြစ်ခဲ့ဖွယ်ရှိကြောင်း သီအိုရီတွေက ဆိုပါတယ်။

ထိုခေတ်အခါက နင်ဂျာအများစုကို ခိုးယူမှုမှ လုပ်ကြံသတ်ဖြတ်ခြင်းအထိ မစ်ရှင်ပေါင်းများစွာကို ထမ်းဆောင်နိုင်တဲ့ သူလျှိုများ၊ လုပ်ကြံသတ်ဖြတ်သူအဖြစ် လူသိများခဲ့ပါတယ်။

image