၂၀၂၅ ခုနှစ်အတွက် ပထမအသုတ် လုပ်သား ၂၀,၀၀၀ ကျော် ခေါ်မယ်လို့ တောင်ကိုရီးယားဆို
ဇန်နဝါရီ ၂၉
ယခု ၂၀၂၅ ခုနှစ်အတွင်းမှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံက အလုပ်သမားတွေကို အသုတ် ၅ သုတ်ခွဲပြီး ခေါ်ယူဖို့ရှိနေတဲ့ တောင်ကိုရီးယားနိုင်ငံဟာ ယခုနှစ်အတွက် ပထမအသုတ်အဖြစ် နိုင်ငံခြားသားလုပ်သား ၂၀,၀၀၀ ကျော်ခေါ်ယူဖို့ရှိတယ်လို့ အလုပ်အကိုင််အခွင့်အလမ်းဆိုင်ရာသတင်းတွေအရ သိရပါတယ်။
အဆိုပါ ပထမဆုံးအသုတ် အလုပ်ခေါ်ယူခြင်းကို လာမယ့် မတ်လအတွင်းမှာ စတင်မှာဖြစ်လို့ ကိုရီးယားအလုပ်ရှင်တွေအနေနဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၂၁ ရက်အတွင်း စာရင်းသွင်းလျှောက်ထားရမှာဖြစ်တယ်လို့ သိရပြီး အဲဒီ ပထမအသုတ်မှာ နိုင်ငံ ၁၇ နိုင်ငံက လုပ်သားပေါင်း ၂၂၄၁၉ ဦးကို ခေါ်ယူသွားမှာဖြစ်ကြောင်း သိရပေမယ့် အဲဒီအထဲမှာ မြန်မာနိုင်ငံက လုပ်သားဘယ်လောက်ပါမယ်ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။
ယင်းခေါ်ဆိုမှုအတွင်းမှာ ကုန်ထုတ်လုပ်ငန်းအတွက် ၁၆၃၂၈ ဦး၊ သင်္ဘောကျင်းလုပ်ငန်းအတွက် ၆၂၅ ဦး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက်၂၃၄၇ ဦး၊ရေလုပ်ငန်းအတွက်၂၀၇၇ ဦးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၄၄၅ ဦး ပါဝင်မှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံက အမျိုးသမီးတွေပထမဆုံးသွားရောက်လုပ်ကိုင်မယ့် ဝန်ဆောင်မူလုပ်ငန်းအတွက်ကိုလည်း ၅၉၆ ဦးခေါ်မှာဖြစ်တယ်လို့ သိရပါတယ်။
#centralnewsnaypyitaw
