22 ပတ် - ဘာသာပြန်ပါ။

ဘုန်းမောက်အသင်းနည်းပြ အန်ဒိုနီအီလာယိုလာကအသင်းအနေနဲ့ ၁၁ ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ နော်တင်ဟမ်ဖောရက်စ်အသင်းကိုအိမ်ကွင်းမှာ ၅-၀ နဲ့အနိုင်ရခဲ့ပြီးနောက်မှာတော့လီဗာပူးလ်အသင်းပရိသတ်တွေအံ့ဩလောက်စေမဲ့အသိပေးပြောစကားဆိုလိုက်ပါတယ်။

ဘာလို့လဲဆိုတော့ ကြိုးကြာနီအသင်းအနေနဲ့လည်း ၈ ပွဲဆက်မရှုံးနိမ့်လာခဲ့ဘဲ ပရီးမီးယားလိဂ်မှာ ဖောရက်စ်အသင်းကိုရှုံးနိမ့်ထားတဲ့တခုတည်းသောအသင်းဖြစ်တာကြောင့်ပါ။

အန်ဒိုနီအီလာယိုလာက သူ့ရဲ့အနေနဲ့ကစားပုံပြောင်းလဲမှာမဟုတ်ဘဲဂိုးတွေဦးဆောင်သွင်းယူဖို့အတွက်ရှေ့ဆက်သွားမယ်လို့အတည်ပြုပြောဆိုခဲ့ပါတယ်။

ငါတို့အနေနဲ့ ကစားပုံကောင်းမွန်တဲ့မာကျောတဲ့အသင်းနဲ့ရင်ဆိုင်နေရတယ်ဆိုတာ ငါတို့သိပါတယ်။ပထမသွင်းဂိုးဟာအရေးပါတဲ့သော့ချက်ပါပဲ့။ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာတော့သူတို့အသင်းအနေနဲ့ ပထမပိုင်းသွင်းဂိုးတွေက ပွဲအစပိုင်းကိုအကူအညီဖြစ်စေပြီးငါတို့ပွဲစဉ်ဖြစ်စေပါတယ်။

ငါတို့အနေနဲ့ဘာမှမပြောင်းမလဲဘူးလို့ကျနော်ထင်ပါတယ်။ငါတို့အနေနဲ့တပွဲချင်းစီအာရုံစိုက်ကစားသွားမှာဖြစ်ပြီး နောက်ပွဲစဉ်မှာတော့လီဗာပူးလ်အသင်းနဲ့ရင်ဆိုင်ရပါမယ်။ဒါပေမဲ့ ငါတို့မှာတော့ ဒဏ်ရာပြသနာတွေကြောင့်ရွေးချယ်စရာကစားသမားတွေလျော့နည်းလာပါတယ်။ဒါကြောင့်ငါတို့အနေနဲ့ ဒီပွဲစဉ်အမှီပြန်လည်ထူထောင်လာနိုင်ဖို့ကြိုးစားရပါမယ်။ဒါပေမဲ့ကစားရမဲ့နောက်ထပ်ပွဲစဉ်အများအပြားကျန်ရှိနေသေးပြီး ငါတို့လုပ်ဆောင်နေတဲ့နည်းလမ်းကိုပြောင်းလဲမှာမဟုတ်ပါဘူး။

မလွယ်ကူဖူးခဲ့တဲ့ကစားပုံနဲ့ပရီးမီးယားလိဂ်မှာကစားနေတာအသင်းပရိသတ်တွေပျော်ရွှင်လိမ့်မယ်လို့ကျနော်မျှော်လင့်ပါတယ်။မင်းအနေနဲ့ နိုင်ငံရဲ့အကောင်းဆုံးအသင်းတွေနဲ့တွေ့ရမှာဖြစ်ပြီး ငါတို့ကစားသမားတွေအနေနဲ့လည်းရာနှုန်းပြည့်အာရုံစိုက်ကစားတာကြောင့်ကောင်းမွန်တဲ့ရလဒ်ထွက်ပေါ်လာတာပါ။ငါတို့ဒီလိုမျိုးမလုပ်ဆောင်မဲ့ကာလတွေရှိလာဖွယ်ရှိပေမဲ့လည်း အသင်းပရိသတ်တွေနားလည်နိုင်မယ်လို့ကျနော်ယုံကြည်ပါတယ်။သူတို့အနေနဲ့ အနိုင်ရလဒ်ကိုပဲ့မျှော်လင့်လို့မရပါဘူး။သူတို့လိုချင်တဲ့တခုတည်းသောအရာကတော့ ငါတို့အာရုံစိုက်ကစားဖို့ဖြစ်ပြီး ဒီဟာကလည်းငါတို့အမြဲတစေကြိုးစားနေတဲ့အရာဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။

ဘုန်းမောက်အသင်းဟာ ဘရိုက်တန်အသင်းကို ၂၀၂၄ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ၁-၂ နဲ့ရှုံးပြီးကတည်းက ပြိုင်ပွဲစုံ ၁၂ ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ လိဂ်မှတ်တမ်းတွေအရလည်း ၂၃ ပွဲကစားထားရာမှာ ၁၁ ပွဲနိုင် ၇ ပွဲသရေ ၅ ပွဲရှုံးရလဒ်နဲ့အတူ ရမှတ် ၄၀ ရထားတာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image