ONE ဖြင့် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်သည့် ကယန်းလက်ဝှေ့မယ် ဘရော်နီကာ
Thai Fight ပြိုင်ပွဲများတွင် ရှုံးပွဲမရှိ ချန် ပီယံနှစ်ကြိမ် ရယူထားသည့် ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ယမန်နေ့ ဇန်နဝါရီ (၂၈)ရက်၌ ONE Championship ဖြင့် စာ ချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ONE က တရားဝင် အသိပေးထားသည်။
ဘရော်နီကာအနေဖြင့်လည်း ONE ဖြင့် လက်တွဲလိုက်ပြီဖြစ်ကြောင်းကိုလည်း သူမ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထပ်မံအသိပေးထားသည်။
ဘရော်နီကာသည် Thai Fight ပြိုင်ပွဲများ တွင် စွမ်းရည်ကောင်းများပြသနိုင်ခဲ့သလို ၂၀၂၄ ဩဂုတ် (၄)ရက်က Thai Fight နောက်ဆုံးပွဲစဉ်အဖြစ် အာဂျင်တီးနားသူ ဖလော်ရန်စီယာကို အနိုင်ထိုးသ-တ်ထားခဲ့သူဖြစ်သည်။
ထို့ပြင် မြန်မာ့ရိုးရာလက်ဝှေ့လောက၏ ပထမဆုံးအမျိုးသ မီး ရွှေခါးပတ်ချန်ပီယံဖြစ်ပြီး ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO)က ပေးအပ်သည့် ၂ဝ၂၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ကစားသမားဆုရထားသူဖြစ်ကြောင်း သိရသ ည်။
