ချဲလ်ဆီးအသင်းနောက်ခံကစားသမား အန်ဆေးလ်ဒီဆာလ်ဆီအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်အက်စတွန်ဗီလာအသင်းဆီပြောင်းရွှေ့ကစားဖို့မီးစိမ်းပြခံလိုက်ရပြီလို့ ဖာဘရေစီယိုရိုမာနိုကဖော်ပြခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်နောက်ခံလူအဆင့်ရှိတဲ့ကစားသမားအန်ဆေးလ်ဒီဆာလ်ဆီဟာ ကလပ်အသင်းအသီးသီးဆီကနေစိတ်ဝင်စားမှုရခဲ့ပေမဲ့လည်း အက်စတွန်ဗီလာအသင်းဆီပြောင်းရွေ့ကစားဖို့သဘောတူညီမှုရထားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ချဲလ်ဆီးအသင်းနဲ့အက်စတွန်ဗီလာအသင်းတို့ကြားအပြောင်းအရွှေ့အဆုံးသဝ်ဖို့သာလိုအပ်တော့တာလည်းဖြစ်ပါတယ်။
ဒီဆာလ်ဆီအနေနဲ့နည်းပြမာရက်စကာလက်အောက်မှာပွဲထွက်ကစားခွင့်သိပ်မရခဲ့ဘဲ ဒီရာသီပရီးမီးယားလိဂ်မှာ ၆ ပွဲသာကစားထားခဲ့ရတာဖြစ်ပါတယ်။သူနောက်ဆုံးပွဲထွက်ကစားရတဲ့ပွဲစဉ်အနေနဲ့ကတော့ ၂၀၂၄ဒီဇင်ဘာ ၃၀ရက်နေ့တုန်းကဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
