14 ပတ် - ဘာသာပြန်ပါ။

မန္တလေးမြို့ရှိ နန်းတော်ရှေ့စျေးတွင် မီးသတ်ကားများဖြင့်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၉ လမ်း၊ ၆၃ လမ်းထောင့်ရှိ နန်းတော်ရှေ့စျေးတွင် မီးသတ်ကားများဖြင့်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ဇန်နဝါရီ ၂၈ ရက်နံနက် ၁၀ နာရီကပြုလုပ်ခဲ့ကြသည်။

နန်းတော်ရှေ့စျေးမှ ဈေးသူ၊ဈေးသားများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီး သတ်ဌာနသို့အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံ ပါတ်ပါ ဗီနိုင်းစိုက်ထူခြင်း၊ မီးသတ်ကားများဖြင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပြု လုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်ခြင်းများအား အောင်မြေသာစံခ ရိုင်မီးသတ်ဦးစီးမှူးရုံးမှဦးဆောင်၍ မန္တလေးမြို့ တော်စည်ပင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့ နယ်လျှပ်စစ်ဌာန၊ ဈေးတာဝန်ခံများ၊ ဒေါနဘွားရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ စျေးသူစျေးသားများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းလေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။

image