တောင်ကိုရီးယား လေယာဥ်တစင်း မီးလောင် လူပေါင်း ၁၇၆ ဦး ကယ်ထုတ်နိုင်
ဇန္နဝါရီ ၂၈ - ၂၀၂၅
တောင်ကိုရီးယားနိုင်ငံ ဘူဆန် မြို့ လေဆိပ်မှာ ခရီးသည် တင် လေယာဥ် တစင်း မီးလောင်ခဲ့တဲ့ အတွက် လေယာဥ်ပေါ် ပါ ၁၇၆ ဦး စလုံး ကယ်ထုတ်နိုင်ခဲ့ပါတယ်။
လေယာဥ် အရေးပေါ် ဆင်းတဲ့ လေအိတ်တွေ ချပြီး ခရီးသည်တွေ ဆင်းခဲ့ ရာမှာ လူ ၄ ဦးကတော့ အနည်းငယ် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ဟောင်ကောင်ကို သွားမယ့် လေယာဥ်ဖြစ်ပြီး ပျံမတက်ခင် လေယာဥ် အမြီးပိုင်းက မီးစလောင်ခဲ့တာ ဖြစ်ပါတယ်။
မီးဟာ အမြီးကနေ ကိုယ်ထည်ပိုင်း အထိ ကူးစက်လောင်ခဲ့ကာ မီးသတ် ကားတွေလည်း မိနစ်ပိုင်း အတွင်းရောက်လာပြီး ငြှိမ်းသတ်ခဲ့တာ ဖြစ်ပါ တယ်။
မီးလောင်တဲ့ အကြောင်းကိုတော့ စုံစမ်းစစ်ဆေး နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တလမပြည့်ခင် တုန်းကလည်း တောင်ကိုရီးယားမှာ လေယာဥ် ဆင်းသက်စဥ် ပြေးလမ်းချော်ပြီး မီးလောင်ပေါက်ကွဲခဲ့တဲ့ အတွက် လူပေါင်း ၁၇၉ ဦး သေဆုံးခဲ့ရပြီး ၂ ဦး အသက်ရှင်ခဲ့ပါတယ်။
---------------------------


