ဆိတ်သားနှပ်

ဆိတ်သားတွေကို
ဆား နနွင်း သကြားအနည်းငယ်
ညက်ညက်ထောင်းထားတဲ့ဂျင်းတွေနဲ့နယ်ပြီး
တစ်နာရီလောက်နှပ်ထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ငရုတ်သီးတို့ကို
ညက်အောင်ထောင်းပြီး ဆီသပ်ပါ
ကြက်သွန်တွေနွမ်းရင်
သစ်ရျပိုးခေါက် ကရဝေးရွက် ထည့်ကြော်ပါ
မဆလာထည့်ပါ
ကြော်နံ့တွေမွှေးလာရင်
ဆိတ်သားတွေထည့်ချက်ပါ
ချက်ချင်းရေမထည့်ပါနဲ့
အသားကထွက်လာတဲ့ရေတွေခမ်းတဲ့ထိ
အဖုံးအုပ်ပြီးချက်ပါ
ပြီးမှရေနည်းနည်းချင်းထည့်ပြီး
မီးသွေးမီးနည်းနည်းနဲ့ကြာကြာလေးနှပ်ထားတာပါ

image