22 w - Translate

စင်ကာပူအိုးပင်း ပထမအဆင့်တွင် ရာဒူကာနူ ရှုံးပွဲကြုံ
----------------------
ဗြိတိန်တင်းနစ်မယ် ရာဒူကာနူဟာ စိတ်ပျက်စရာရလဒ်အဖြစ် စင်ကာပူအိုးပင်း ပထမအဆင့်မှာပဲ ပြိုင်ဘက်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်လိုက်ရပါတယ်။ အသက် ၂၂ နှစ်အရွယ် ရာဒူကာနူဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဒဏ်ရာပြဿနာတွေကြောင့် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၂၅ ခုနှစ်ကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ဖို့ မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဩစတြေးလျအိုးပင်းပြိုင်ပွဲ တတိယအဆင့်မှာပဲ ဆွီယာတက်ခ်ကို ရှုံးပြီး ထွက်ခဲ့ရသလို အခုတစ်ပတ်စတင် တဲ့ စင်ကာပူအိုးပင်းမှာလည်း ပထမအဆင့်မှာပဲ ကမ္ဘာ့အဆင့် ၁၀၁ မှာရပ်တည် နေတဲ့ စပိန်တင်းနစ်မယ် ဘက်ဆာ ကိုရှုံးနိမ့်ပြီး စောစောစီးစီးပွဲထွက်ခဲ့ရတာဖြစ်ပါတယ်။ ဘက်ဆာနဲ့ ရာဒူကာနူ တို့ပွဲက အကြိတ်အနယ် ရှိခဲ့ပြီး ပွဲကစားချိန် ၃ နာရီကျော်ကြာမြင့်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဘက်ဆာက (၅း၇၊၇း၅၊၇း၅)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ပဲရစ်အိုလံပစ် အမျိုးသမီး ၂ ယောက်တွဲတင်းနစ်ပြိုင်ပွဲမှာ တတိယဆုရခဲ့တဲ့ ဘက်ဆာအတွက်တော့ ရာဒူကာနူနဲ့ ပထမဆုံး အကြိမ်ဆုံတွေ့မှုမှာ အနိုင်ရလဒ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရာဒူကာနူအတွက်ကတော့ ၂၀၂၅ နှစ် အစပိုင်းမှာပဲ နောက်ထပ်စိတ်ပျက်စရာရလဒ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပြီး လက်ရှိကမ္ဘာ့အဆင့် ၅၆ ကနေ တက်နိုင်ဖို့အတွက် လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်နေပါတယ်။

image