မြိတ်မြို့တွင် တရုတ်ရိုးရာနှစ်သစ်ကူး ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်
တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ နာရီစင်အနီး တရုတ်နှစ်သစ်ကူးပွဲတော်အတွက် တရုတ်ရိုးရာအသုံးအဆောင်နှင့် အစားအသောက်များကို ယမန်နေ့ ဇန်နဝါရီ (၂၇)ရက်မှ စတင်၍ ဈေးရောင်းပွဲတော်တစ်ခုအဖြင့် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဈေးပွဲတော်ကို ဇန်နဝါရီ (၂၇) ရက်မှ (၃၁)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ဈေးပွဲတော်အတွင်း တရုတ် နှစ်ကူးကန်တော့ရန် အသီးအနှံမျိုးစုံ၊ အသားငါး၊ တရုတ်ရိုးရာကန်တော့ခံအသုံး အဆောင်များအပါအဝင် ရိုးရာ မီးပုံးများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
