မုန့်ပေါင်းလုပ်နည်း
—————————
* မုန့်ပေါင်း ပူပူ ချိုချိုလေး လုပ်စားကြရအောင်နော်*
* လုပ်နည်းလေးက လွယ်လွယ်လေးပါ*
ပါဝင်ပစ္စည်းများ
————————
၁။ဆန်မှုန့်-၆ ဇွန်း
၂။ကောက်ညှင်းမှုန့်-၂ ဇွန်း
၃။ဆား-လက်ဖက်ရည်ဇွန်း တစ်ဝက်
၄။ရေနွေး-၄ ဇွန်းခန့်
၅။ထန်းလျက်-၄ ခဲ
ပြုလုပ်နည်း
——————
ကောက်ညှင်းမှုန့် ဆန်မှုန့်နဲ့ ဆားကို နှံ့အောင်မွှေပေးပါ
ရေနွေးကို တစ်ဇွန်းစီထည့်လိုက် နယ်လိုက် လုပ်ပေးပါ
ဆန်မှုန့်အခဲလေးတွေကို လက်နဲ့ဆုပ်ချေပြီး ဇကာစစ်ချလို့ ရရင် ရပါပြီ
ဒီနေရာမှာ ရေက အတိအကျကြီး မလိုပါဘူးနော် လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်)
ဆန်မှုန့်အခဲလေးတွေကို ဇကာတိုက်ချပါ
အစာအတွက် ထန်းလျက်ခဲလေးတွေကို မကြေ့တကြေထောင်းပါ
ပေါင်းမယ့်ခွက်လေးတွေကို ဆီလေးနည်းနည်းသုတ်ပါ
ဇကာတိုက်ထားတဲ့ အမှုန့်တစ်ဇွန်းအရင်ထည့်ပါ ပြီးရင် ထန်းလျက်ထောင်းထားတာ တစ်ဇွန်းထည့်ပါ
အပေါ်ကနေ အမှုန့် နှစ်ဇွန်းခန့် အစာမြုပ်အောင် ထည့်ပါ
အမှုန့်လေးတွေ ကုန်အောင် တစ်ခွက်ပြီးတစ်ခွက် ထည့်ပြီးရင်တော့ ရေနွေးဆူဆူမှာ ၁၀ မိနစ်ပေါင်းပေးပါ
အခုဆို မုန့်ပေါင်းချိုချို အိအိလေး ရပါပြီရှင်။
#မုန့်လုပ်နည်းများ #crd

image