14 w - Translate

အမေရိကန်တောမီး နဲ့ Caracaras

အမေရိကန်ရဲ့ကြောက်စရာ တောမီးအကြောင်းကို သိကြမှာပါ။

လော့စ်အိန်ဂျယ်လိစ်မှာ နောက်ထပ် မီးလောင်မှုအသစ်တခုကို ထပ်တွေ့ပြန်ပါတယ်။

ဒါနဲ့ပါတ်သက်ပြီး အမေရိကန်တယောက်ပြောတာက တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

သူက Caracaras ဆိုတဲ့ ငှက်တမျိုးဟာ တောမီးကို တမင်ပြန့်အောင်လုပ်တတ်ပါသတဲ့။

မီလောင်နေတဲ့သစ်ကိုင်းကို နှုတ်သီးနဲ့ကိုက်ချီပြီး မလောင်သေးတဲ့နေရာကိုရောက်မှ ပစ်ချပါတယ်တဲ့။

မီးလောင်လို့ ထွက်လာတဲ့ အကောင်ငယ်တွေကို ရှာဖွေစားသောက်ကြပါသတဲ့။

မူလတိုင်းရင်းသားတွေဖြစ်တဲ့ ရက်အင်ဒီးယန်းတွေက ဒါကို မြင်ဖူးကြပြီး သားစဉ်မြေးဆက် ပြောပြ မှတ်သားမိခဲ့ကြပါတယ်လို့ ဆိုပါတယ်။

ဩစတေးလျမှာဆိုလဲ black kite , whistling kite နဲ့ brown falcon လိုငှက်တွေဟာ တောမီးလောင်အောင်လုပ်တတ်တယ်လို့ ဆိုကြပြန်ပါတယ်။

တောမီးလောင် တောကြောင်လက်ခမောင်းခတ်လို့ စကားပုံကလဲ ရှိတယ်လေ။
တော်တော်ဆိုးတဲ့ငှက်တွေပေါ့။

စာရေးသူစဉ်းစားမိတာက ရာမဇါတ်ထဲက ဟာနုမာန်ပါ။

သူလည်း သိန်းဍိုပြည်ကို မီးရှို့ခဲ့တဲ့တိရစ္ဆာန်ပါဘဲ။

ကဲကဲ ...စာရှုသူတို့ရော တခြား မီးရှို့တဲ့ ဘယ်လိုတိရစ္ဆာန်မျိုး တွေ့ဖူးလဲဗျ။
မန့်ထဲ လင်းခဲ့ကြဗျာ

image